နာပိုလီအသင်းမှ ဂါလာတာစာရေးသို့ အငှားဖြင့်ပြောင်းရွှေ့ကစားနေသည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်သည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဂါလာတာစာရေးအသင်းနှင့်အတူ လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိုဆင်မန်(၂၅ နှစ်)သည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများထံ ပြောင်းရွှေ့ရန် ဆန္ဒရှိခဲ့သော်လည်း ၎င်း၏ မြင့်မားသည့် လျော် ကြေးစာချုပ်တန်ဖိုးကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ခြင်းမရှိိခဲ့ပေ။
ထို့ကြောင့် နာပိုလီအသင်းက ၎င်းကို ဂါလာတာစာရေးအသင်းထံ ရာသီကုန်အထိ အငှားချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိုဆင်မန်အနေဖြင့် ဂါလာစာရေးအသင်းထံသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း အဆိုပါအငှားစာချုပ်တွင် ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ အသင်းပြောင်းရွှေ့လိုပါက စာချုပ်ဖျက်သိမ်းပေးရမည်ဆိုသော အချက်ပါဝင်ကြောင်း သိရသည်။
အိုဆင်မန်အား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့အပြင် ဆော်ဒီကလပ်များကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
