အစ္စရေးက ဂါဇာအလယ်ပိုင်းရှိ စစ်ရှောင်ပါလက်စတိုင်းသားများနေထိုင်ရာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူ ၁၈ ဦးသေဆုံးသွားခဲ့သည်ဟု ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့ သည်။ သေဆုံးသွားသူများထဲတွင် ကုလသမဂ္ဂဝန်ထမ်းများပါဝင်သည်ဟု ဆိုသည်။ သို့ရာတွင် အစ္စရေးစစ်တပ်ကမူ ဟားမာ့စ်ကွပ်ကဲရေးဌာနကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
နူဆေးရတ်ရှိ အယ်လ်ဂျော်နီကျောင်းသည် ဂါဇာတွင်ဖြစ်ပွားနေသော ၁၁ လကြာစစ်ပွဲအတွင်း အကြိမ်ကြိမ် ဗုံးကြဲခံခဲ့ရသည်။ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂက ဖွင့်ထားသော ကျောင်း၏အစိတ်အပိုင်းများ ပြားပြားဝပ်ပြို ကျခဲ့သည်။ အဆိုပါ စာသင်ကျောင်းတွင် ဂါဇာမြို့သားများ ခိုလှုံနေသည်ဟုဆိုသည်။
“အစ္စရေးတပ်ဖွဲ့တွေက UNRWA ကဖွင့်ထားတဲ့ အယ်လ်ဂျော်နီစာသင်ကျောင်းကို ဗုံးကြဲခဲ့တာငါးကြိမ်ရှိပါပြီ။ ၁၈ ဦးသေဆုံးသွားခဲ့ပါတယ်။ UNRWA ဝန်ထမ်းနှစ်ဦး၊ ကလေးတွေနဲ့အမျိုးသမီးတွေ သေဆုံးသွားခဲ့ပါတယ်။ အခြားလူ ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်”ဟု ဂါဇာမြို့ပြကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာမွတ်ဘာဆယ်လ်က တယ်လီဂရမ်တွင် ပို့စ်တင်ခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
