မော်စကိုမြို့ရှိ ဗြိတိန်သံရုံးမှ ဝန်ထမ်းခြောက်ဦးသည် ၎င်းတို့၏ သံတမန်အဆင့်အတန်းနှင့် မကိုက်ညီသည့် ထောက်လှမ်းရေးနှင့် အဖျက်အမှောင့် လုပ်ဆောင်မှုများတွင် ပါဝင်နေသဖြင့် ၎င်းတို့အပေါ် အသိအမှတ်ပြုခြင်းကို ရုတ်သိမ်းလိုက်ကြောင်း ရုရှားဖက်ဒရယ် လုံခြုံရေးဝန်ဆောင်မှု(FSB) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုသည် နိုင်ငံတကာ စစ်ရေး-နိုင်ငံရေးအခြေအနေ တိုးမြင့်လာမှုတွင် ဗြိတိန်၏ ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုသည့် အထောက်အထား မှတ်တမ်းပစ္စည်းများကို လက်ခံရရှိထားပြီးဖြစ်သည်” ဟု FSB၏ ပြန်ကြားရေးဌာနက ပြောကြားခဲ့သည်။
“ထင်ရှားတဲ့အချက်အလက်တွေက မော်စကိုကို စေလွှတ်လိုက်တဲ့ ဗြိတိန်သံတမန်တွေရဲ့ ရုရှားရဲ့လုံခြုံရေးကို ခြိမ်းခြောက်မှုအနေနဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းစဉ်းစားဖို့ အကြောင်းပြချက်ဖြစ်စေပါတယ်” ဟု FSB ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနသည် FSB မှ ပေးပို့သော စာရွက်စာတမ်းများအပြင် အခြားသက်ဆိုင်ရာ အေဂျင်စီများနှင့်ပါ ပူးပေါင်းကာ ဗြိတိန်သံရုံး၏ နိုင်ငံရေးဌာနမှ ဝန်ထမ်းခြောက်ဦးအား အသိအမှတ်ပြုခြင်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
