တိုကျို၊စက်တင်ဘာ ၁၃
ရုရှားလေယာဉ်များသည် ငါးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်ကျွန်းစုတဝိုက်တွင် ပျံသန်းခဲ့သဖြင့် ဂျပန်လေတပ်မှတိုက်လေယာဉ်များ သည် အရေးပေါ်ပျံတက်ခဲ့ရကြောင်း တိုကျိုကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ကြာသပတေးနေ့နံနက်ပိုင်းမှမွန်းလွဲပိုင်းအထိ ရုရှား Tu-142 လေယာဉ်သည် ဂျပန်နှင့်တောင်ကိုရီးယားကြားပင်လယ်ပြင်မှ တောင်ပိုင်းအိုကီနာဝါဒေသသို့ ဦးတည်ပျံသန်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယင်းနောက်အဆိုပါရုရှားလေယာဉ်သည် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာ မြောက်ဘက်သို့ ဆက်လက်ပျံသန်းသွားပြီး ဟော့ကိုင်းဒိုးကျွန်း၏ကမ်းလွန်ပင်လယ်ပြင်သို့ဆက်လက်ထွက်ခွာသွားကြောင်းသိရသည်။
အဆိုပါလေယာဉ်များသည် ဂျပန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမရှိသော်လည်း ဂျပန်နှင့်ရုရှားတို့ကြားရှိ နယ်မြေအငြင်းပွားမှုဖြစ်နေသည့် ဧရိယာကို ဖြတ်ကျော်ပျံသန်းခဲ့သည်ဟုလည်းပြောကြားခဲ့သည်။
အဆိုပါအပြုအမူအား တုန့်ပြန်သည့်အနေဖြင့် ဂျပန်လေတပ်သည် အရေးပေါ်အခြေအနေအတွက်တိုက်လေယာဉ်များကို ပျံတက်သတိပေးခဲ့သည်ဟုလည်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုပျံသန်းမှုသည် ရုရှားကဦးဆောင်ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အင်န်စီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
