ခရစ်စတီယာနို ရော်နယ်ဒိုသည် အဓိကကျသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းအားလုံးတွင် ဖော်လိုဝါတစ်ဘီလျံကျော်အထိရရှိခဲ့သည့် ကမ္ဘာ့ပထမဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာကာ နောက်ထပ်ထူးခြားသော မှတ်တိုင်တစ်ခုကိုထပ်မံစိုက်ထူနိုင်ခဲ့ကြောင်းသိရသည်။
အသက် ၃၉ နှစ်အရွယ်ရှိ ပေါ်တူဂီဘောလုံးအကျော်အမော်သည် အားကစားနှင့် ဒစ်ဂျစ်တယ်လွှမ်းမိုးမှု၏လမ်းဆုံကို ပြန်လည်သတ်မှတ်ခဲ့ပြီး စံသတ်မှတ်ချက်အသစ်တစ်ခုကိုလည်းသတ်မှတ်နိုင်ခဲ့သည်။
ဆိုရှယ်မီဒီယာပလပ်ဖောင်းအားလုံးရှိ ရော်နယ်ဒို၏အောင်မြင်မှုသည် ယှဉ်ပြိုင်၍မရနိုင်ဟူ၍လည်း မီဒီယာများ၌ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ ၎င်း၏ အင်စတာဂရမ်အကောင့်သည် ဖော်လိုဝါ ၆၃၉ သန်းဖြင့် ဦးဆောင်နေပြီး အင်စတာဂရမ်၌ ၎င်း၏သြဇာလွှမ်းမိုးနိုင်မှုအားပြသခဲ့သည်။
ထို့အပြင် ၎င်း၏ဖေ့စ်ဘွတ်ခ်တွင်လည်း ဖော်လိုဝါ ၁၇၀ ဒသမ ၅ သန်းရှိပြီး ယခင်ကတွစ်တာဟုခေါ်သည့် X လူမှုကွန်ရက်တွင်မူ ဖော်လိုဝါ ၁၁၃ သန်းအထိရရှိထားသည်။
၎င်း၏ ယူကျုချန်နယ်သည်လည်း ချန်နယ်ဖွင့်ပြီးနာရီပိုင်းအတွင်းမှာပင် ဖော်လိုဝါ ၆၀ ဒသမ ၅ သန်းအထိရရှိခဲ့ပြီး Kuaishou တွင် ဖော်လိုဝါ ၉ ဒသမ ၃ သန်းနှင့် Weibo တွင် ၇ ဒသမ ၅ သန်းအထိလည်းတိုးလာခဲ့သည်ဟုဖော်ပြထားသည်။
Source : Pulse Sports Nigeria
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
