ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် တရားမဝင် ပြည်ပသင်တန်းနှစ်ခုဖြင့် ပူးပေါင်းသင်တန်းပေးခဲ့သည့် ပြည်ထောင်စုအဖွဲ့ဝန်ကို အဂတိလိုက်စားမှုဖြင့် အရေးယူဆောင်ရွက်မည့် အစီအစဉ်များမရှိသေးကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်ပြည်)တွင် ဖွင့်လှစ်သည့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်းတွင် သက်ဆိုင်ရာနိုင်ငံ၏ အသိအမှတ်ပြုခြင်းမခံရသည့် ပြည်ပတက္ကသိုလ်နှစ်ခုနှင့် ပူးပေါင်းပြီး သင်ကြားနေမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုအဖွဲ့ဝန်ကို အဂတိလိုက်စားမှုဖြင့် အရေးယူပေးရန် လူမှုကွန်ရက် စာမျက်နှာများတွင် ပြည်သူအ ချို့က တောင်းဆိုခဲ့ကြောင်း သိရသည်။
“ဒီရာထူးဝန်ကိစ္စနဲ့ပတ်သက်ပြီး အရေးယူဖို့အစီအစဉ်မရှိသေးပါဘူး” ဟု ဦးကျော်စိုးက ပြောကြားသည်။
မလေးရှားနိုင်ငံမှ EDS Business Schoolနှင့် အမေရိကမှ Akamai University တို့နှင့် ပူးပေါင်းကာ ပြည်ထောင်စုရာထူးဝန်အဖွဲ့က အစိုးရအရာရှိများကို သင်တန်းများ ပို့ချပေးနေမှုကို ဇန်နဝါရီ ၄ ရက်ကစတင်ပြီး ရပ်ဆိုင်းလိုက်ကြောင်း နိူင်ငံတော် သမ္မတရုးံမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း အပတ်စဉ် ၅ ကို ဇန်နဝါရီ ၇ ရက်အထိ အဆိုပါ တက္ကသိုလ်များနှင့်ပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်ခဲ့သေးသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဒုတိယပါမောက္ခချုပ် ဦးဇော်ဇော်က အမှတ်စဉ် ၅ သင်တန်း ဖွင့်လှစ်ရခြင်းမှာ ညွှန်ကြားချက် နောက်ကျခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုတွင် ဖြေဆိုခဲ့သေးသည်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း ၎င်း၏ Facebook စာမျက်နှာတွင် ရာထူးဝန်များ၏ မလျော်မကန်လုပ်ဆောင်နေမှုများကို ဝေဖန်ရေးသားခဲ့သည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဇီးပင်ကြီးတွင် သင်တန်းပေးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး ဝေယံဦးဆိုသည့် Facebook အကောင့်မှ ဖော်ထုတ်ရေးသားခဲ့ရာ သမ္မတရုံးဝန်ကြီးဌာနအထိ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။ ယခုအခါ သမ္မတရုံးဝန်ကြီး၏ ညွှန်ကြားချက်ကြောင့် ယင်းသင်တန်းတွင် တရားမဝင် နိုင်ငံခြားတက္ကသိုလ်နှစ်ခု၏အမည်များ ဖြုတ်ချခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန် မာပြည်) ဇီးပင်ကြီးမှာ အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၅) ကို ဇန်န ၀ါရီ ၇ ရက်မှ မတ် ၁ ရက်အထိ နှစ်လတာကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သုံး ငွေကျပ် ၃၉၀၃၉ ဒသမ ၀၅၁ သန်းတောင်းခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်သုံးငွေ ကျပ် ၇၉၀၄ ဒသမ ၈၉၇ သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်သုံးငွေကျပ်- ၉၂၆၆ ဒသမ ၇၂၉ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
