ဇင်ဘာဘွေနိုင်ငံတွင် လောင်စာစျေးနှုန်းများ နှစ်ဆကျော် မြင့်တက်လာသဖြင့် ဇန်နဝါရီ ၁၄ ရက်က ဒေါသတကြီးဆန္ဒပြ မှုများဖြစ်ပွားခဲ့သည်။ နိုင်ငံထဲမှ အဓိကမြို့နှစ်မြို့တွင် တာယာများကို မီးရှို့ခြင်း၊ လမ်းများကို ကျောက်တုံးများဖြင့် ပိတ်ဆို့ခြင်း၊ ခရီးသည်များအား သယ်ဆောင်လာသည့် ဘတ်စ်ကားများအား တားမြစ်ပိတ်ဆို့ခြင်းတို့ လုပ်ဆောင်ခဲ့ကြသဖြင့် မြို့တွင်းခရီးသည်များစွာ သောင်တင်ခဲ့ကြရသည်။
ဇင်ဘာဘွေနိုင်ငံသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး လောင်စာဆီရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။ ထိုစဉ် လောင်စာတင်သွင်းမှုအခြေအနေကို တိုးမြှင့်ရန် ဓာတ်ဆီနှင့် ဒီဇယ်ဆီစျေးနှုန်းများကို ရာခိုင်နှုန်း ၁၀၀ ကျော် တိုးမြှင့်လိုက်ကြောင်း သမ္မတအမ်မာဆန်အမ်နန်ဂါဂွာက ဇန်နဝါရီ ၁၂ ရက်တွင် ကြေညာခဲ့သည်။
“သူရဲ့ကျရှုံးမှုမှာ ကျွန်တော်တို့ ကျေနပ်မှုမရှိဘူးဆိုတဲ့အကြောင်း အမ်နန်ဂါဂွာကို သိစေလိုပါတယ်” ဟု ဒေါသထွက်နေသည့် အသက် ၂၂ နှစ်အရွယ် ဆန္ဒပြသူ သန်ဒါဇိုမိုယိုက ပြောကြားခဲ့သည်။ “မူဂါဘီဟာ ဆိုးရွားပါတယ်။ ဒါပေမယ့် သူကမှ နားထောင်သေးတယ်”ဟု ၎င်းက နိုင်ငံကို ကာလရှည်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ဖြုတ်ချခံခဲ့ရသည့် အာဏာရှင်ခေါင်းဆောင်ဟောင်း ရောဘတ်မူဂါဘီကို ရည်ညွှန်းပြောကြားခဲ့သည်။
နှစ်ပေါင်းများစွာ နိုင်ငံတကာနှင့် အဆက်အဆံမရှိခဲ့သော ဇင်ဘာဘွေနိုင်ငံ၏ စီးပွားရေးမှာ အောက်သို့ ထိုးစိုက်ကျလာပြီး ဆယ်စုနှစ်တစ်ခုကြာ ငွေကြေးရှားပါး ပြတ်လပ်မှုများ၊ အလုပ်လက်မဲ့ဦးရေ မြင့်တက်မှုများ ဖြစ်ပေါ်နေသည့်အပြင် မကြာသေးမီက ပေါင်မုန့်နှင့် ဟင်းချက်ဆီ အစရှိသောအခြေခံ စားကုန်များပါ စတင်ရှားပါးလာခဲ့သည်။
ဇန်နဝါရီ ၁၂ ရက်က အမ်နန်ဂါဂွာ၏ ရုပ်သံမိန့်ခွန်းအတွင်း လောင်စာဆီအသုံးပြုမှု မြင့်တက်လာခြင်းကြောင့် လိုငွေပြလာခြင်းနှင့် မှောင်ခိုမှုများကို ရင်ဆိုင်ရန်စျေးတက်ရသည့် အကြောင်းပြောကြားခဲ့သည်။ ထို့ကြောင့် ဇန်နဝါရီ ၁၃ ရက်မှစပြီး ဓာတ်ဆီတစ်လီတာ ကို ၁.၂၄ ဒေါ်လာမှ ၃.၃၁ ဒေါ်လာအထိနှင့် ဒီဇယ်တစ်လီတာကို ၁.၃၆ ဒေါ်လာမှ ၃.၁၁ ဒေါ်လာ အထိတိုးမြှင့်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
