၂၀၁၈ - ၂၀၁၉ ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ- အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၈ရရသန်း ကျော်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီ ၁၁ ရက်က ကျင်းပသည့် မြန်မာ - အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ယခုဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၈ရရသန်း ကျော်ရှိကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုမှာ လက်ရှိ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၉၂ ဒသမ ၀ ၃၂သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၅၀၈ ဒသမ ၄၀၅ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၀၀ ဒသမ ၄၃ရသန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး တမူးနယ်စပ် ကုန်သွယ်ရေးအနေနဲ့ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၈၂သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ဝရသန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၀၂၇ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာပမာဏ ၈၇၇ ဒသမ ၀၂ရသန်း ကုန်သွယ်မှု ပြုလုပ်နိုင်တာကို တွေ့ခဲ့ရပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြား သည်။
အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှု တံခါးနှစ်ပေါက်ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် ချင်းပြည်နယ် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး မော်တော်ကားလမ်းဖြင့် ကုန်သွယ်မှုများကို ပြုလုပ်နေကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
