ဧရာဝတီမြစ်အတွင်း သဘာဝအလျောက် ရှင်သန်ပေါက်ဖွားနေထိုင်သည့် ဧရာဝတီလင်းပိုင်အရေအတွက်မှာ ယခင်ကထက် များပြားလာသော်လည်း ငါးလုပ်ငန်းဦးစီးဌာန ကောက်ယူသည့် စာရင်းများအရ မန္တလေးမှ ဗန်မော်ကြားဧရိယာတွင် ကောင်ရေ ၇၀ ကျော်သာရှိပြီး လက်ရှိတွင် တရားမဝင် ငါးဖမ်းဆီးမှုများကြောင့် သေဆုံးလျော့နည်းမှုများလည်း ဖြစ်ပေါ်နေသည့်အတွက် လင်းပိုင်များသေဆုံးရန် ခြိမ်းခြောက်သည့် တရားမဝင် ရှော့တိုက်ငါးဖမ်းမှုများကို ဟန့်တားနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သီးခြားအမိန့်ထုတ်ပေးရန်အတွက် သဘာဝစိမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးဆောင်၍ လင်းပိုင်ချစ်သူများစုပေါင်းကာ အစိုးရအဖွဲ့ထံ စာတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးအဖြစ် ထိန်းသိမ်းရေးဧရိယာ သတ်မှတ်ကာ ပုံမှန်စောင့်ကြည့် လေ့လာခြင်းများကို သားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းကာ လစဉ်ဆောင်ရွက်လျက်ရှိပြီး တရားမဝင်ငါးဖမ်းမှုများကို အရေးယူလျက်ရှိသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်မှု အားနည်းကာ ရှော့တိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုသာ သိမ်းဆည်းအရေးယူ နိုင်မှုများနေသည့်အတွက် ပိုမိုထိရောက်စွာ အရေးယူနိုင်ရန် ယင်းကဲ့သို့တင်ပြမည်ဖြစ်ကြောင်း သိရသည်။
“ဧရာဝတီလင်းပိုင်တွေဟာ မြန်မာနိုင်ငံရဲ့ သက်ရှိအမွေအနှစ်တွေဆိုရင်လည်းမမှားပါဘူး။ နောက်ပြီး ဒီတစ်လျှောက်မှာ ကျက်စားတဲ့ လင်းပိုင်တွေမှာ ထူးခြားတဲ့ ဂုဏ်အင်အဖြစ် ဒေသခံရေလုပ်သားနဲ့ တွဲဖက်ငါးဖမ်းတဲ့ အလေ့တွေရှိတာကြောင့် လင်းပိုင်တွေအန္တရာယ်ဖြစ်စေတဲ့ ရှော့တိုက်ငါးဖမ်းခြင်တွေ မလုပ်ဖို့နဲ့ လုပ်တဲ့သူတွေကို အခုထက်ပိုအရေးယူနိုင်ဖို့ ရည်ရွယ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အမိန့်လို၊ ဥပဒေတစ်ခုလို သတ်မှတ်ထုတ်ပေးနိုင်ဖို့ လင်းပိုင်ချစ်သူတွေစုပေါင်းပြီး စာတင်ပြသွားမှာပါ” ဟု သဘာဝစိမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးမောင်မောင်ဦးက ပြောကြားသည်။
သဘာဝစိမ်းအဖွဲ့အနေဖြင့် လင်းပိုင်ချစ်သူများနှင့်ပူးပေါင်းကာ မြစ်ကြောင်းတစ်လျှောက် လင်းပိုင်ထိန်းသိမ်းရေး အသိပညာပေးခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၁၃ ရက်ကလည်း လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ကျောက်မြောင်း၊ ဆီသည်နှင့် မြစ်ကမ်းကြီး ကျေးရွာများတွင် လင်းပိုင်ထိန်းသိမ်းရေး အသိပညာပေးလှုပ်ရှားမှုများဆောင်ရွက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
