ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (ရှေးဟောင်းဥပဒေ)မူကြမ်း အတည်ပြုရာတွင် ဒေသခံများ၏ သဘောဆန္ဒများ လျစ်လျူရှုခံရသည့်အတွက် ပုဂံညောင်ဦးဒေသခံများ ယခုဇန်နဝါရီ ၁၉ ရက်တွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (ရှေးဟောင်းဥပဒေ)မူကြမ်းအား အမျိုးသားလွှတ်တော်တွင် အတည်ပြုပြီးဖြစ်သော်လည်း အဆိုပါဥပဒေမူကြမ်းတွင် မိမိတို့ဒေသခံများ တင်ပြထားသည့် အချက်များမပါဝင်ဘဲ အချို့သောအချက်များမှာ ဒေသခံများအတွက် အခက်အခဲ ဖြစ်ပေါ်နိုင်သည့်အတွက် ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်း သိရသည်။
ဥပဒေမူကြမ်းတွင် ယဉ်ကျေးမှုအမွေအနှစ်တည်ရှိရာ နယ်မြေများ သတ်မှတ်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်နှင့် ကင်းလွတ်သည့် အစဉ်အဆက်နေထိုင်ရာ လူနေရပ်ကွက်/ကျေးရွာများကိုပါ ထည့်သွင်းထားခြင်းကြောင့် ရေရှည်တွင် အဆင်မပြေမှုများ ကြုံတွေ့နိုင်ကြောင်း ဒေသခံများကဆိုသည်။
“ဒီဥပဒေက အထူးဥပဒေဖြစ်နေတော့ ကျန်တဲ့ဥပဒေကို လွှမ်းမိုးမှာပါ။ ရဲအရေးပိုင်မှာပါ။ ဥပမာအနေနဲ့ ကျွန်တာ်တို့မြို့ပေါ်နဲ့ ကျေးရွာ ၄၈ ရွာလောက်က အမွေအနှစ်ဒေသထဲ ထည့်ထားတော့ ခြံပြင်မယ်ဆိုရင်တောင် ဝန်းထရံလေးကာရင်တောင်မှ အမျိုးသားယဉ်ကျေးမှုကော်မတီကို တင်ရမှာ။ ဥပဒေကြမ်းအရ အဲဒီကော်မတီမှာ ဝန်ကြီးပါမယ်။ တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတွေပါမယ်။ ပညာရှင်တစ်ယောက် အတွင်းရေးမှူးတစ်ယောက်နဲ့ ညွှန်မှူးတွေပါမယ်။ ဒီကော်မတီကြီးကိုတင်ပြီး ဒီကော်မတီက ဆုံးဖြတ်မယ်။ နှစ်လလောက်အထိ ကြာမယ်။ စိစစ်ဦးမယ်ဆိုရင် ထပ်ကြာဦးမယ်။ ကျွန်တော်တို့က နိုင်ငံသား အခွင့်အရေးလောက်ကို ရဖို့မလွယ်ဘူး။ ကျွန်တော်တို့ဒေသကတော့ ရှေးဟောင်းအမွေအနှစ်ကို ထိန်းမှာပါပဲ။ ယူနက်စကိုရဲ့ မူဘောင်တွေကိုလည်း ကျွန်တော်တို့တစ်တွေ လိုက်နာမယ်လို့ ထောက်ခံခဲ့ကြတာပဲ။ အခု ဥပဒေက ပိုပြင်းထန်နေတဲ့အတွက် ကျွန်တော်တို့က အမွေအနှစ်တွေ ကင်းလွတ်နေတဲ့နေရာလေးတွေကို စည်ပင်ဥပဒေနဲ့ အုပ်ချုပ်ပါ။ အမွေအနှစ်တွေ သံသယရှိတဲ့နေရာတွေကို သီးသန့်သတ်မှတ်ပြီး ထိန်းသိမ်းပါဆိုတဲ့ မက်ဆေ့စ်ပေးချင်လို့ ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်တာပါ” ဟု ပုဂံညောင်ဦးဒေသမှ ဦးရဲမြင့်အောင်က ပြောကြားသည်။
ဥပဒေကြမ်းရေးဆွဲရာ၌ ဒေသခံကိုယ်စားလှယ်များ ပါဝင်ခဲ့သော်လည်း ဒေသခံများ တင်ပြမှုအား ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိကြောင်းနှင့် တာဝန်ရှိသူများထံ တင်ပြရန်တွေ့ဆုံခွင့်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီဥပဒေကို ပုဂံနဲ့ဆိုင်တဲ့ ဥပဒေလို့ထင်နေတာ။ တကယ်က တစ်နိုင်ငံလုံးမှာရှိတဲ့ ရှေးဟောင်းနယ်မြေ ၄ရခုစလုံးနဲ့ ဆိုင်တဲ့ဥပဒေ။ ဒီဥပဒေက အဲဒီဒေသတွေအားလုံးကို သက်ရောက်မယ်။ ပုဂံဒေသအတွက်ပဲ ထင်နေတာ။ ကိုယ့်ဒေသကိုလာပြီးတော့ သက်ရောက်မယ့် ဥပဒေလို့မသိကြဘူး” ဟု ပုဂံညောင်ဦးဒေသမှ ဦးရဲမြင့်အောင်က ပြောကြားသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် ဒေသခံများ၏ ဆန္ဒနှင့်ကိုက်ညီသော ဥပဒေဖြစ်ရေး လမ်းညွှန်ပေးခဲ့သော်လည်း လက်တွေ့တွင် ဒေသခံများ၏ သဘောဆန္ဒများ လျစ်လျူရှုခံရကြောင်း ဒေသခံများက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
