မြေအသုံးပြုမှုနှင့်ပတ်သက်ပြီး ရှိနေသည့်ပြဿနာများစွာကို ဖြေရှင်းနိုင်ရန် Land Bank တစ်ခု ထူထောင်နိုင်ရေး ကြိုးပမ်းနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
“မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဧရိယာအကျယ်အဝန်း အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ ဒီနေရာမှာ စက်မှုလက်မှု လုပ်ငန်းများအတွက် မြေလွတ်အများအပြားရှိနေပါတယ်။ သို့ပေမဲ့လည်း မြေအသုံးပြုမှုနဲ့ပတ်သက်ပြီး ပြဿနာတွေ ရှိနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ဝန်ခံရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာလည်း ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြေအသုံးပြုခွင့်ကို သေချာစေပြီး မြေယာဥပဒေနဲ့ မူဝါဒတွေအရ မည်သို့ငှားရမ်းရမယ်၊ မည်သို့ရယူရမယ်ကို မြေအမျိုးအစားအလိုက် ဘယ်လိုပြောင်းရမယ်ဆိုတာကို ကျော်ဖြတ်နိုင်အောင် လုပ်ဆောင်နေပါတယ်။ အစိုးရအနေနဲ့ မြေအခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်ဖို့အတွက် မြေအချက်အလက်အားလုံးကို Land Bank တစ်ခုထူထောင်ပြီး ဆောင်ရွက်ဖို့ရှိပါတယ်။ Land Bank ဆိုတာကလည်း Digital ဘဏ်လိုလုပ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုပဲ Project ဘဏ်ကိုလည်း ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဦးသောင်းထွန်းက ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက် တွင် ကျင်းပမည့် Invest Myanmar Summit 2019 တွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာစီမံကိန်းဘဏ် (National Project Bank) ကို မိတ်ဆက်သွားမည်ဖြစ်ပြီး ဒေါ်လာတစ်ဘီလျံကျော်သည့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် မျှော်မှန်းထားသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုမှ အဓိက လုပ်ငန်းကဏ္ဍကြီးရှစ်ခုကို အခြေပြုဆွေးနွေးမည့် စီမံကိန်းများမှာ ဒေသနှင့် ပုဂ္ဂလိကစီးပွားရေးစီမံကိန်းပေါင်း ၁၂၀ ပါဝင်မည်ဖြစ်ကာ Invest Myanmar Summit 2019 တွင် စတင်မိတ်ဆက်မည့် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ်မှ စီးပွားရေး အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်ပြီး အစိုးရက ဒေါ်လာ သန်း ၅၀၀ ကျော်တန်ဖိုးရှိသော နည်းဗျူဟာမြောက် စီမံကိန်းများ ပြသမည်ဖြစ်သည်။
လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာနကို ၂၀၁၈ ခုနှစ် အတွင်း စတင်ထူထောင်ပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို လေ့လာနေပြီး အချိန်ကုန်၊ ငွေကုန်နေသည့် အဆင့်များကို ဦးဆောင်ဖြေလျှော့ပေးခြင်းများနှင့် အခြားလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြောင်း ဦးသောင်းထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
