ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန် စတင်စဉ်ကတည်းက အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များက ငါးဧကစီခွဲဝေယူထားသော်လည်း အမှန်တကယ်လုပ်ငန်းလုပ်ဆောင်မှုမရှိသဖြင့် ထိုသို့လုပ်ဆောင်မှုမရှိသူများနှင့် ဆွေးနွေးရန်ရှိကြောင်းနှင့် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်ကို ရန်ကုန်တိုင်းအစိုးရက တိုက်ရိုက်ကွပ်ကဲရန် လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ညောင်နှစ်ပင်စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်အား ၁၉၉၉-၂၀၀၀ ပြည့်နှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့ပြီးနောက်ပိုင်းတွင် လိုအပ်ချက်အရ လှည်းကူးမြို့နယ်တွင် ထပ်မံတိုးချဲ့ခဲ့သည်။ ညောင်နှစ်ပင်ဇုန်တွင် ဇုန် ၁မှ ဇုန် ၃ အထိရှိခဲ့ပြီး ၁၂၄၅၃ ဧကရှိကာ မှော်ဘီမြို့နယ်တွင် ၁၈၂၆ ဧကနှင့် လှည်းကူးမြို့နယ်တွင် ၁၀၆၂၈ ဧကရှိနေပြီး အဆိုပါဇုန်များကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် မြေကွက်များဖော်ထုတ်ပြီး တစ်ယူနစ်လျှင် ငါးဧကနှုန်းဖြင့် လုပ်ငန်းများဆောင်ရွက်မည့်သူများကို လုပ်ကိုင်ခွင့်ချပေးခဲ့သည်။
“ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်ကြီးကို အဆင့်မြှင့်တင်ဖို့ ကျွန်တော်တို့ လေ့လာနေပါတယ်။ ဘာကြောင့်လဲဆို မြေတွေကိုယူထားပြီး ဘာမှမလုပ်ဘူးဆိုတဲ့သူတွေနဲ့ ဆွေးနွေးရမှာရှိပါတယ်။ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်ကြီးက စတင်ပေးခဲ့စဉ်ကတည်းက အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ နာမည်တွေနဲ့ ငါးဧကစီယူခဲ့ကြပါတယ်။ ဒါပေမဲ့ အလုပ်မလုပ်ပါဘူး။ နောက်တစ်ချက်က ဒီမှာဦးစီးဦးဆောင်ပြုတဲ့ သူတွေကိုကြည့်မယ်ဆိုရင်လည်း အလုပ်သမားကို ဒီမှာ ဦးစီးဦးဆောင်ပြုဖို့ လာထားလို့မရပါဘူး။ ဘာကြောင့်လဲဆို တကယ်လုပ်နိုင်သူတွေ ဦးစီးဦးဆောင်ပြုမှ ရနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ လုပ်ငန်းကို ဦးစီးဦးဆောင်ပြုနိုင်တဲ့သူတွေ ပါဝင်ဖို့ ရွေးချယ်ပွဲလုပ်တာ တော်တော်လေးအခက်အခဲ ကြုံရတဲ့အခြေအနေရှိပါတယ်။ ဘာကြောင့်လဲဆို ပိုင်ရှင်တွေမလာပါဘူး။ အလုပ်သမားတွေနဲ့ ဒီညောင်နှစ်ပင်ကြီးကို ဦးဆောင်လို့မရနိုင်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ကွပ်ကဲဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ညောင်နှစ်ပင်စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်၌ နှစ်ပေါင်းများစွာ ရယူထားပြီး လုံးဝလုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် မြေကွက် ၃၃၀၀ ကျော်ရှိနေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် မေးခွန်းမေးခဲ့ပြီး လတ်တလောတွင်လုပ် ငန်းလုပ်ဆောင်မှုမရှိသည့် မြေကွက်များကို ပြန်လည်သိမ်းယူရန် မရှိသေးကြောင်း အစိုးရဘက်က ဖြေကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
