ပတ္တမြား၊ နီလာ ပုံဆောင်ခဲများမှအပ ကျန်ကျောက်မျက်များ၏ ပုံဆောင်ခဲ (Loose Stone Crystal) များကို နိုင်ငံခြားငွေဖြင့် ရောင်းချခြင်းအတွက် ပြည်ပသို့ ထုတ်ဆောင်နိုင်ပြီး အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဝန်ဆောင်ခ သုံးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။
ကျောက်မျက်အချောထည်အလွတ် (Loose Stone) နှင့် ကျောက်မျက်လက်ဝတ်ရတနာများကို ပြည်ပသို့ နိုင်ငံခြားသုံးငွေဖြင့် ရောင်းချခြင်းအတွက် အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်းနှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဝန်ဆောင်ခ တစ်ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်နှင့်အညီ အတည်ပြုပြီးသော The 1st Mandalay International Gems and Jewellery Fair (Jan 15th to 19 – 2019) ကျောက်မျက်ပြပွဲအတွင်း အခွန်ကိစ္စနှင့်ပတ်သက်၍ ကျောက်မျက်ရတနာကုန်သည်များမှ ကျောက်မျက်အလွတ်များ၊ ကျောက်မျက်လက်ဝတ်ရတနာ အချောထည်များ ရောင်းချရာတွင် လိုက်နာရမည့် စည်းကမ်းချက်များတွင် အထက်ပါအချက်များ ပါဝင်သည်။
ကျောက်မျက်ရတနာရိုင်းများကို နိုင်ငံခြားငွေဖြင့် ရောင်းချ၍ ပြည်ပသို့ထုတ်ဆောင်ခြင်း ခွင့်မပြုဘဲ ပြည်တွင်းရတနာကုန်သည်အချင်းချင်း ရောင်းချခြင်းကိုသာ ခွင့်ပြုပေးမည်ဖြစ်ပြီး ပြည်တွင်းအခွန်အကောက် ဥပဒေအရ မြန်မာကျပ်ငွေဖြင့် ရောင်းချခြင်းအတွက် အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် ကျောက်မျက်ရတနာရိုင်းများ၊ ကျောက်မျက်ပုံဆောင်ခဲများ ပြည်တွင်းသို့ ရောင်းချခြင်းအတွက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသို့ ဝန်ဆောင်ခပေးဆောင်ရန် မလိုကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
မြန်မာကျပ်ငွေဖြင့်ဝယ်ယူသည့် ပြည်တွင်းဝယ်ယူသူများအတွက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ မြန်မာကျပ်ငွေ အရောင်းပြေစာဖြင့်သာ ရောင်းချရမည်ဖြစ်သည်။
ကျောက်မျက်အချောထည် အလွတ်များကို နိုင်ငံခြားငွေဖြင့် ရောင်းချပါက သတ်မှတ်ထားသည့် အခွန်အခများ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ ဝန်ဆောင်ခအပြင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တစ်ရာခိုင်နှုန်းနှင့် မန္တလေးရတနာမောလ် ကျောက်မျက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ လေးရာခိုင်နှုန်းကို ရောင်းချသူမှ ပေးဆောင်ရမည်ဖြစ်သည်။
Semi – Precious Crystal နှင့် ကျောက်မျက်လက်ဝတ်ရတနာများကို နိုင်ငံခြားငွေဖြင့် ရောင်းချပါက သတ်မှတ်ထားသည့် အခွန်အခများ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ ဝန်ဆောင်ခအပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖွံ့ဖြိုးရေးအတွက် တစ်ရာခိုင်နှုန်းနှင့် မန္တလေးရတနာမောလ် ကျောက်မျက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက် ရေးရန်ပုံငွေ တစ်ရာခိုင်နှုန်းကို ရောင်းချသူမှ ပေးဆောင်ရမည်ဖြစ်သည်။
မြန်မာကျပ်ငွေဖြင့် ရောင်းချခြင်းအတွက် ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ သတ်မှတ်ထားသည့် အခွန်အခများသာ ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ဝန်ဆောင်ခများ ပေးဆောင်ရန်မလိုချေ။
ပြပွဲပြီးဆုံးသည့်အခါ ကျောက်မျက်ရတနာကုန်သည်များသည် ကျသင့်သောအခွန်အခများကို သက်ဆိုင်ရာ အခွန်ဦးစီးဌာနသို့ ၁၀ ရက်အတွင်း သွားရောက်၍ အခွန်ထမ်းဆောင်ရမည် ဆိုသည့်အချက်အပြင် အခြားလိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
