ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် တိုင်းရင်းသား ၅၀၀ ခန့်အား Eleven Media Group နှင့်စေတနာရှင်များက ဇန်နဝါရီလ ၁၄ ရက်တွင် ဆန်အိတ် ၅၀ သွားရောက်လှူဒါန်းခဲ့သည်။
ကန်စောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော တိုင်းသားများမှာ ယိုးချောင်းအထက် ပိုင်းတွင်နေထိုင်ကြသော တောင်ပေါက်၊ ခရုမော်၊ ချင်းမဝန်တောင်းနှင့် ကျွန်းသာယာကျေးရွာများမှ နေရပ်စွန့်ခွါ ထွက်ပြေးလာသူများ ဖြစ်သည်။
အဆိုပါ စစ်ဘေးရှောင် ကျေးရွာသားများသည် ဒီဇင်ဘာ ၁၉ ရက်ကစတင်ကာ နေရပ်စွန့်ခွာလာခြင်းဖြစ်ပြီး လက်ရှိတွင် မြေပြင်၌ တဲထိုးနေထိုင်နေရဆဲဖြစ်ကာ မည်သည့်အချိန်တွင် နေရပ်ပြန်ရမည်ကို မသိရှိနိုင်သေးသောကြောင့် စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ချင်းမဝန်တောင်ကျေးရွာမှ ကန်စောက်ကျောင်းတိုက်သို့ ရောက်ရှိခိုလှုံနေသူ ဒေါ်ခင်ခင်နုက “Eleven Media Group နဲ့ အလှူရှင်တွေကို အထူးကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အခုလိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်မတို့ကို အခုလိုလာရောက်လှူဒါန်းတဲ့တွက် အားလည်းရှိတယ်။ တကယ်တော့ ကိုယ့်အိမ်မှာသာ နေချင်တာပေါ့၊ စိုးရိမ်ကြောက်ရွံ့လို့သာ ထွက်ပြေးလာခဲ့ကြရတာပါ။ အိမ်ပြန်ချင်ပေမယ့် တိုက်ပွဲတွေဖြစ်နေတော့ ဘယ်လိုမှ မသွားရဲဘူးဖြစ်နေတယ်။ အေးချမ်းသွားရင်တော့ ပြန်ချင်တာပေါ့၊ အခုတခြားလာရောက်လှူသူတွေလည်းရှိပေမယ့် ကြာလာရင် ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်မိပါတယ်။ ရေကတော့ ချောင်းနဲ့နီးနဲ့အတွက် အဆင်ပြေတယ်လို့ပြောရမယ်။ ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့ကတော့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ရောက်ရှိလာတာကို တွေ့ရပါတယ်”ဟုပြောကြားသည်။
ကန်စောက်ကျောင်းတိုက်တွင် ကျွန်းသာယာကျေးရွာမှ အိမ်ထောင်စု ၆၀ ရှိ လူဦးရေ ၂၃၀ ၊ တောင်ပေါက်ကျေးရွာမှ အိမ်ထောင်စု ၃၂ ရှိ လူဦးရေ ၁၄၀ ၊ ချင်းမဝန်တောင်ကျေးရွာမှ အိမ်ထောင်စု ၁၂ ရှိ လူဦးရေ ၃၆ ဦး၊ ခရုမော်ကျေးရွာမှ အိမ်ထောင်စု ၃၀ ရှိ လူဦးရေ ၈၈ ဦး၊ စုစုပေါင်း အိမ်ထောင်စု ၁၃၄ စု လူဦးရေ ၄၉၄ ဦးတို့ လာရောက်ခိုလှုံနေကြပြီး သောက်သုံးရေ အဆင်ပြေသော်လည်း ရေရှည်တွင် စားသောက်ရေး အဆင်မပြေဖြစ်မည်ကို စိုးရိမ်နေကြသည်။
ယင်းနှင့်ပတ်သက်ပြီး ကျွန်းသာယာကျေးရွာမှ ဦးမောင်သန်းဌေးက “အခုလို ဆန်အိတ်တွေလာရောက် လှူဒါန်းတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်တို့က သေနတ်သံတွေကြားနေရတော့ စိုးရိမ်တာ ပေါ့၊ တိုက်ပွဲဖြစ်တယ်လို့ပဲသိရပြီး ကျေးရွာတွေမှာ ကျည်ဆံတွေကျလာမှာကိုလည်း စိုးရိမ်တယ်။ ဒါကြောင့် ထွက်ပြေးလာကြတာပေါ့၊ တကယ်တော့ ကိုယ့်အိုးကိုယ့်အိမ်၊ ကိုယ်အလုပ်ကိုယ် လုပ်ကိုင်စားသောက်ခွင့်တွေ ရချင်တယ်။ နောက်ပြီး အခုလိုကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးတွေ မလာနိုင်ကြရင် ကျွန်တော်တို့ ပိုပြီး ဒုက္ခရောက်လာနိုင်ပါတယ်”ဟု ပြောကြားသည်။
ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူုး ဦးသင်္ခါကျော်က “ကန်စောက်စစ်ဘေးရှောင်စခန်းမှာ အခက်အခဲတွေတော့ အများကြီးရှိတယ်။ စားနပ်ရိက္ခာက အဓိကလိုပါတယ်။ ဒီမှာ ဘယ်လောက်ကြာအောင် နေရမလဲဆိုတာ မသိရသေးတော့ အခုလို Eleven Media Group နဲ့ စေတနာရှင်တွေ လာပြီးတော့ ဆန်အိတ် ၅၀ လာလှူတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်” ဟုပြောကြားသည်။
အလားတူ ELEVEN MEDIA GROUP နှင့်စေတနာရှင်များသည် ဇန်နဝါရီ ၁၁ ရက်ကလည်း ကျောက်တော်မြို့နယ်၊ ၀ါးတောင်ကျေးရွာသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင် တိုင်းရင်းသားများအား ဆန်အိတ် ၁၀၀ လှူဒါန်းထားသည်။
အဆိုပါ၀ါးတောင်ကျေးရွာသို့ ရောက်ရှိနေသူများသည် ယိုးချောင်းအထက်ပိုင်းရှိ မြိုလူမျိုး၊ ရခိုင် လူမျိုးနှင့်ခမီးလူမျိုးများဖြစ်ကြသည်။
ဝါးတောင် စစ်ဘေးရှောင်စခန်းတွင် င/စရိုင်းကိုင်း ၊ သိန်းချောင်း ၊ တဲဝ ၊ ပညာကြီး (တွင်းပညာ )၊ခမောင်း ၊ လေကွိ ၊ ကင်ဘိ ကျေးရွာမှ ကျေးရွာသားများရောက်ရှိ ခိုလှုံနေခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့နယ်ရှိ ဝါးတောင်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် ကျေးရွာ ခုနစ်ရွာ မှ လူဦးရေ ၁၂၀၀ ကျော် ၊ တောင်မင်းကုလား ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ခြောက်ရာကျော် ၊ ကန်စောက်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၀၀ ကျော် နှင့် အထက်မြတ်လှဲကျေးရွာ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၆၀၀ ကျော် ခိုလှုံနေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
