စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားဖူးရာမှ ပြန်လာသောခရီးယာဉ်သည် ဇန်နဝါရီ ၁၃ ရက် မွန်းတည့် ၁၂ နာရီက ဂုံညင်းပင်စခန်းအနီး၌ တိမ်းမှောက်ခဲ့ပြီး လူရှစ်ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကနီမြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။
Hiace ခဲရောင်ယာဉ်သည် အလောင်းတော် ကဿပဘုရားဖူးရာမှ ပြန်လာစဉ် ဂုံညင်းပင်စခန်းအနီး လမ်းအဆင်း၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ တောင်စောင်း နှင့် ပွတ်တိုက်မိရာမှတစ်ဆင့် တိမ်းမှောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“အလောင်းတော်ကဿပဘုရားကနေ အပြန်မှာပေါ့နော်။ ဂုံညင်းပင်စခန်းအနီးမှာ မှောက်တာပါ။ တောင်စောင်းကို ပွတ်တိုက်မိပြီး တိမ်းမှောက်ခဲ့တာ။ လူတစ်ဦးကတော့ သေဆုံးသွားခဲ့တယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာကတော့ လူသုံးဦးရှိတယ်။ အခြားလူတွေလည်း ဒဏ်ရာရတယ်။ လူရှစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်။ သေဆုံးတဲ့သူကတော့ အမျိုးသမီးဖြစ်ပါတယ်။ သူ့အလောင်းကတော့ ကပိုင်မှာ ထားထားတယ်” ဟု ကနီမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
ဘုရားဖူးရာမှ ပြန်လာသော ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များကို ယင်းမာပင်မြို့နယ် ကပိုင်ဆေးရုံမှ မုံရွာပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေး ကုသပေးထားကြောင်း၊ သေဆုံးခဲ့သည့်အမျိုးသမီးသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပခန်းကြီးကျေးရွာ၌ နေထိုင်သူဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူကို ကနီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
