ရန်ကုန်မြို့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ဌာန၏ လှေကား၌ ဇန်နဝါရီ ၁၃ရက် မွန်းလွဲပိုင်းတွင် မီးလန့်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် ခွဲစိတ်ဌာနတွင် တက်ရောက်ကုသမှု ခံယူနေရသည့် လူနာများ အထိတ်တလန့်ဖြစ်ကာ အရေးပေါ်ထွက်ပြေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲကျော်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ဌာန၏ လှေကားတွင် အပူလွန်ကဲခြင်းကြောင့် ၀ါယာရှော့ဖြစ်ခဲ့သည့် မီးလန့်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က Level 1 အဆင့် သတ်မှတ်ကာ မီးသတ်ယာဉ်များ စေလွှတ်ခဲ့သော်လည်း မီးလန့်မှုသာ ဖြစ်ခြင်းကြောင့် မီးငြိမ်းသတ်မှုများ ပြုလုပ်ခဲ့ရခြင်း မရှိကြောင်း သိရသည်။
'' ခွဲစိတ်ဌာန လှေကားအတွင်းမှာ အပူလွန်ကဲပြီးတော့ ၀ါယာရှော့လိုပေါ့။ ဖြစ်တာက။ ကျွန်တော်တွေ မီးလောင်တယ် ဆိုပေမယ့် မီးလန့်တာပါ။ ရေတောင် မဖြန်းလိုက်ရပါဘူး။ လူနာတွေက လန့်ပြီးတော့ ထွက်ပြေးကြတာ။ ဘာမှတော့ မဖြစ်ကြပါဘူး။''ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ဒုတိယ တိုင်းမီသတ်ဦးစီးမှူး ဦးမြင့်တိုးက ပြောကြားသည်။
ယင်းသို့ မီးလန့်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါ မီးလန့်မှုဖြစ်ပွားရာ ခွဲစိတ်ကုသဆောင်တွင် ရှိသည့် ခွဲစိတ်ကုသမှုများ ခံယူထားရသော လူနာများ အထိတ်တလန့်ဖြစ်ခဲ့ပြီး လူနာအချို့မှာ မီးလန့်မှုဖြစ်ပွားနေစဉ်တွင် ခွဲစိတ်ကုသဌာန၏ မှန်ပြတင်းများကို ခွဲ၍ အရေးပေါ် ထွက်ပြေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
'' မီးက ခွဲစိတ်ဆောင် လှေကားမှာ မီးလန့်တာပေါ့။ လှေကားမှာက အောက်စီဂျင်ဗူးတွေလည်းရှိတယ်။ အမတို့က အမသားလေး ခွဲစိတ်ထားလို့ ဒီနေ့လူနာ လာစောင့်နေတာ။ ဒီနေ့က ခွဲစိတ်မှု လုပ်တဲ့ရက် မဟုတ်လို့ပေါ့။ တော်သေးတာ။ လှေကားမှာ ဖြစ်တာဆိုတော့ လူနာတွေက ဘယ်ကိုပြေးလို့ ပြေးရမှန်း မသိကြတော့ဘူး။ အကုန်ကြောက်နေကြတော့။ တစ်ချို့ဆို မှန်တွေခွဲပြီး ပြေးဆင်းကြကုန်ရော။ အမတို့လည်း တော်တော်လေး လန့်သွားတယ်။'' ဟု အဆိုပါ ခွဲစိတ်ကုသမှုဌာနတွင် ကုသမှု ခံယူနေသူ လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက ပြောကြားသည်။
မီးလန့်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ဌာန၏ အနီးတစ်ဝိုက်တွင် ခွဲစိတ်ကုသမှု ခံယူထားရသည့် လူနာများစွာတို့ ရှိနေခဲ့ပြီး အဆိုပါ လူနာများအား သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးပေးရွှေ့ပြောင်းပေးမှုများ ပြုလုပ်နေခဲ့သည် ကို တွေ့ရသည်။
အဆိုပါ မီးလန့်မှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
