စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ အစပြုကာ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်အမြန်ရေယာဉ်များအားလုံး ပြေးဆွဲချိန်ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း တိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များစနစ်တကျပြေးဆွဲရေး ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခင်က စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းသို့ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်ယာဉ်အမြန်ရေယာဉ်များသည် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပြေးဆွဲမှုကို ခွင့်ပြုပေးထားကြောင်း ယခုအခါ၌ ရေကြောင်းကျပ်သဖြင့် ညချိန်ကျော်လွန်သွားသော်လည်း ညအိပ်ရပ်နားရန် မလွယ်ကူခြင်း၊ ရာသီဥတုအနေအထားအရ မှိုင်းတိုက်ခြင်းများဖြစ်ပေါ်လေ့ရှိခြင်းတို့ကြောင့် လမ်းခရီးရှိ ညအိပ်ကျေးရွာ ဆိပ်ကမ်းများသို့ အချိန်ကိုက်မောင်းနှင်နိုင်ရေးအတွက် ရေကြောင်းကျပ်ချိန်တွင် နံနက် ၅ နာရီမှ ည ၇ နာရီအထိ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီမှာ ညွှန်းစာလေးလည်းပါတယ်ဗျ။ ကျွန်တော်တို့ကိုလေ တိုင်းကြီးကြပ်အဖွဲ့ ကနေပြီးတော့မှ အချိန်ပြောင်းတဲ့ အကြောင်းကို အကြောင်းကြားလို့ ကျွန်တော်တို့က ထပ်ဆင့်ပြီးရေယာဉ်အသင်းတွေကို အကြောင်းကြားပေးလိုက်တဲ့ သဘောပဲဗျာ့။ အခက်အခဲကတော့ မရှိဘူးပါဘူး။ အားလုံးကောင်းမှာပါ။ ကျွန်တော်တို့ဘက်ကတော့ အရင်တိုင်းကော အခုတိုင်းကော အခက်ခဲမရှိပါဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီဥက္ကဋ္ဌ ဦးအာကာမြင့်က ပြောကြားသည်။
ထို့ပြင် ချင်းတွင်းမြစ်အတွင်းရေ ကြောင်းကျပ်ခြင်းမရှိသည့် ရာသီတွင် မူလခွင့်ပြုထားသည့် နံနက် ၆ နာရီအချိန်မှ ညနေ ၆ နာရီအချိန်အတိုင်းသာ ပြန်လည်မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေသည့် ခရီးသည်ယာဉ်အမြန်ရေယာဉ်များသည် မုံရွာ၊ ကနီ၊ မင်းကင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ-ဟုမ္မလင်း-ခန္တီးစသည့် မြို့နယ်များသို့ နေ့စဉ်ပြေးဆွဲနေကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
