၂၀၂၄-၂၅ ရာသီအတွက် ဘာစီလိုနာအသင်း၏ အသုံးစရိတ်ခွင့်ပြုမှု နှစ်ဆကျော်မြင့်တက်လာပြီး ယူရို ၄၂၆ သန်း အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
လာလီဂါပြိုင်ပွဲသည် ကလပ်အသင်းများ၏ ဝင်ငွေရရှိမှု၊ အားကစားမဟုတ်သော ထွက်ငွေနှင့် ကြွေးမြီပြန်လည်ပေးဆပ်ခြင်းတို့အကြား ကွာခြားချက်ဖြင့် အသုံးစရိတ်ခွင့်ပြုမှုကို အကြမ်းဖျင်းဆုံးဖြတ်ပေးခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းအနေဖြင့် ယခုရာသီမစတင်မီ အသုံးစရိတ် ယူရို ၂၀၄ သန်းသာရရှိထားသော်လည်း ထုတ်ပြန်ချက်အသစ်အရ နှစ်ဆကျော်မြင့်တက်လာပြီး ယူရို ၄၂၆ သန်း အသုံးပြုခွင့်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၄-၂၅ ရာသီအတွက် အသုံးစရိတ်အများဆုံးရရှိသည့်စာရင်းတွင် ဘာစီလိုနာ အသင်းက အက်သလက်တီကိုအသင်းကိုကျော်၍ ဒုတိယနေရာရောက်ရှိလာကြောင်း သိရသည်။ သို့သော် ဘာစီလိုနာအသင်းအနေဖြင့် တိုးမြင့်လာသည့် ကန့်သတ်ချက်ထက်ပို၍ အသုံးစရိတ်ပိုများနေဆဲဖြစ်သည်။
"ဘာစီလိုနာက ဝင်ငွေမြင့်တက်လာပြီး အသုံးစရိတ်ကတော့ သိသိသာသာကျဆင်းလာပါတယ်။ သူတို့ ကောင်းမွန်တဲ့အလုပ်တစ်ခု လုပ်နိုင်ခဲ့တယ်" ဟု လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က ပြောကြားခဲ့သည်။ လာလီဂါပြိုင်ပွဲ၏ ဘဏ္ဍာရေးအရာရှိချုပ် ဟာဗီယာဂိုးမက်ဇ်ကလည်း "ဘာကာက (အသုံးစရိတ်) ဘယ်လောက်ကျော်လွန်နေသေးလဲဆိုတာ ကျွန်တော်တို့မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကလပ်အသင်းတွေအနေနဲ့ သင့်တော်တာတွေ့ရင် ဖြေရှင်းနိုင်ဖို့ ရှိနေလို့ ပါ။ ဒါပေမဲ့ လာပေါ်တာ (ဘာစီလိုနာဥက္ကဋ္ဌ) က ယူရိုသန်း ၆၀ ဝန်းကျင်ရှိတယ်လို့ မကြာသေးခင်က ပြောထားပါတယ်" ဟု ဆိုသည်။
၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲတွင် အသုံးစရိတ်ခွင့်ပြုမှုအများဆုံးအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းက ယူရို ၇၅၄ သန်း ရရှိထားပြီး ဘာစီလိုနာအသင်းက ယူရို ၄၂၆ သန်းဖြင့် ဒုတိယ၊ အက်သလက်တီကိုအသင်းက ယူရိုသန်း ၃၁၀ ဖြင့် တတိယ၊ ဆိုစီဒက် အသင်းက ယူရို ၁၅၉ သန်းဖြင့် စတုတ္ထ၊ ဗီလာရီးယဲလ်အသင်းက ယူရို ၁၃၅ သန်းဖြင့် ပဥ္စမနေရာတွင် ရပ်တည်လျက်ရှိသည်။
ထို့ပြင် ဘက်တစ်အသင်းက ယူရို ၁၀၈ သန်း၊ ဘီလ်ဘာအို အသင်းက ယူရိုသန်း ၁၀၀ နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရထားသည့် ဂျီရိုနာအသင်းက ယူရို ၉၄ သန်းရရှိမည်ဖြစ်သည်။ ဂျီရိုနာအသင်းအနေဖြင့် ယခင်ရာသီထက် အသုံးစရိတ်ခွင့်ပြုမှု နှစ်ဆမြင့်တက်လာခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
