ဘာစီလိုနာလူငယ်ကြယ်ပွင့်ကစားသမား ယမားလ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီနှင့် နှိုင်းယှဉ်ခံရသည့်အတွက် ဂုဏ်ယူသော်လည်း မိမိအနေဖြင့် မက်ဆီလို အဆင့်အတန်းမျိုးရောက်ရန် မဖြစ်နိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
လာမာစီယာအကယ်ဒမီထွက် ယမားလ် သည် အသက် ၁၇ နှစ်သာ ရှိသေးသော်လည်း ဘာစီလိုနာအသင်းနှင့် စပိန်လက်ရွေးစင်အသင်းတို့တွင် သမိုင်းမှတ်တမ်းများ ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။ ယမားလ်သည် အသက် ၁၅ နှစ်အရွယ်မှာပင် ဘာစီလိုနာအသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ပွဲကစားခွင့် စတင်ရရှိခဲ့သူဖြစ်သည်။
၎င်းသည် ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့တွင် အသက်အငယ်ဆုံးစံချိန်များစွာ တင်ရှိထားပြီး ပြီးခဲ့သည့် ယူရို ၂၀၂၄ ချန်ပီယံ စပိန် အသင်းတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူလည်း ဖြစ်သည်။ ထို့ကြောင့် ယမားလ်အား လာမာစီယာအကယ်ဒမီထွက်ဖြစ်ပြီး Ballon d'Or ဆုကို စံချိန်တင် ရှစ်ကြိမ်အထိ ရရှိထားသည့် မက်ဆီနှင့် နှိုင်းယှဉ်ပြောကြားမှုများ ရှိနေသည်။
ယမားလ်က အာဂျင်တီးနားနှင့် ဘာစီလိုနာဂန္ထဝင်ဖြစ်သည့် ကမ္ဘာကျော်ဘောလုံးသမား မက်ဆီနှင့် နှိုင်းယှဉ်ခံရသည့်အတွက် ကျေနပ်သော်လည်း ၎င်းအနေဖြင့် မက်ဆီ လို အဆင့်မျိုးမရောက်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယမားလ်က "ဘောလုံးသ မိုင်းမှာ အကောင်းဆုံးဘောလုံးသမား(မက်ဆီ)နဲ့ နှိုင်းယှဉ်ခံရတာကို နှစ်သက်သဘောကျပါတယ်။ ဒါပေမဲ့ ကျွန်တော်က ယမားလ် ဖြစ်ပြီး ယမားလ်ပဲ ဖြစ်ချင်ပါတယ်။ မက်ဆီလို အဆင့်အတန်းမျိုးရောက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ယမားလ်က ၎င်းအနေဖြင့် မက်ဆီကဲ့သို့ပင် ဘာစီလိုနာအသင်း၏ဂန္ထဝင်ကစားသမားဖြစ်လိုပြီး ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာတစ်သင်းတည်းတွင်သာ ကစားလိုကြောင်းလည်း ပြောကြားခဲ့သည်။ ယမားလ်၏ လက်ရှိစျေးကွက်ပေါက်ကြေး မှာ ယူရိုသန်း ၁၂၀ ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရသည်။ သို့သော် ယမားလ် က "ဘာစီလိုနာအသင်းက ကျွန်တော့်ကို ယူရိုသန်း ၁၂၀ နဲ့ ရောင်းချတာမျိုး မလုပ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဘာစီလိုနာအသင်းကနေ မထွက်ခွာချင်လို့ပါ။ ကျွန်တော့်အနေနဲ့ ဘာစီလိုနာအသင်းကနေ ဘယ်တော့မှမထွက်ရဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာအသင်းမှာပဲ ကစားချင်လို့ပါ။ ကျွန်တော့်အနေနဲ့ ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ကစားသမား ဖြစ်ချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ယမားလ်သည် ဘာစီလိုနာအသင်းအတွက် သုံးရာသီအတွင်း ပြိုင်ပွဲစုံ ၅၅ ပွဲတွင် ရှစ်ဂိုးသွင်းယူထားပြီး ယခုရာသီ လာလီဂါ လေးပွဲ ကစားချိန်တွင် တစ်ဂိုးသွင်းကာ ခြေစွမ်းပြလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
