PSG အသင်းအနေဖြင့် တိုက်စစ်မှူးဟောင်း အမ်ဘာပေအား ပေးရန်ကျန်ရှိသည့် ယူရို ၅၅ သန်းကို ပေးချေရန် ပြင်သစ်ဘောလုံးလိဂ် (LFP) က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အမ်ဘာပေ (၂၅ နှစ်) သည် အသင်းဟောင်း PSG ထံမှ ယူရို ၅၅ သန်း (ဒေါ်လာ သန်း ၆၀) မရသေးသဖြင့် ကြားဝင်ဖြေရှင်းပေးရန် ပြင်သစ်ဘောလုံးလိဂ် ဥပဒေရေးရာ ကော်မရှင်ထံ တောင်းဆိုမှုကြောင့် စက်တင်ဘာ ၁၁ ရက်က ပါရီမြို့၌ ၎င်း၏ ကိုယ်စား လှယ်အဖွဲ့နှင့် PSG အသင်း တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံမှု တွင် ဥပဒေရေးရာကော်မရှင်၏ ဖျန်ဖြေရန် ကမ်းလှမ်းမှုကို အမ်ဘာပေဘက်မှ လက်မခံဘဲ ငြင်းပယ်ခဲ့သည်။ ထို့နောက် LFP က PSG အသင်းအနေဖြင့် အမ်ဘာပေအား ပေးရန်ကျန်ရှိသည့် ယူရို ၅၅ သန်းကို ပေးချေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PSG အသင်းကမူ ပေးချေရန် ဆန္ဒမရှိကြောင်းနှင့် ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ နွေရာသီတွင် အမ်ဘာပေက စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ပြီးနောက် PSG အသင်းက ၎င်းအား လူစာရင်းမှ ချန်လှပ်ထားစဉ် ပြန်လည် ကစားခွင့်ရရန် အပိုဆုကြေးခံစားခွင့်များမယူဘဲ လက်လျှော့မည့် သဘောတူညီမှုရရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
အမ်ဘာပေတောင်းဆိုထားသည့် ယူရို ၅၅ သန်းမှာ သုံးလစာ လစာငွေနှင့် သစ္စာစောင့်သိမှုဆုကြေး၏ နောက်ဆုံးအဆင့် (တတိယအကြိမ်) ပေးချေမှုဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
