■ ဟာလန်းက ကမ္ဘာ့အဆင့် ဟုတ်ရဲ့လား
24htopnews | September 14, 2024 3:12 PM CST
ဂွါဒီယိုလာက သူ့ကို လေးစားမှုရှိတယ်ဆိုတာ ဟာလန်း သိထားပါတယ်။ (၁၈) ကိုက်စည်းထဲ မွန်းစတားတစ်ကောင်ဆိုပြီး ဟာလန်းကို ဂွါဒီယိုလာ တင်စားထားတာ မဟုတ်လား။ (၁၈) ကိုက်စည်းထဲမှာ ဟာလန်းထက် ကောင်းတဲ့ကစားသမား မရှိဘူးလို့လည်း ဂွါဒီယိုလာ ယုံကြည်ထားတယ်။ ရွိုင်ကင်း ဝေဖန်သလိုမျိုး ဟာလန်းက ဂိုးသွင်းတာကလွဲရင် ကျန်တဲ့အပိုင်းတွေမှာ League Two ကစားသမား အဆင့်ပဲရှိတယ်ဆိုလည်း ဂွါဒီယိုလာ ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဂိုးဧရိယာအပြင်ဘက်မှာ ဟာလန်း ကမ္ဘာ့အဆင့်မဟုတ်လည်း ပြဿနာမဟုတ်ပါဘူး။ ချယ်လ်ဆီးနဲ့ လက်ရှိရာသီအစ ပွဲစဉ် (၁) မှာ ဟာလန်းရဲ့ ဘောလုံးပေးပို့မှုက သုံးကြိမ်ပဲ ရှိခဲ့တယ်။ အံ့အားသင့်စရာ ကိန်းဂဏန်းပါ၊ မယုံနိုင်စရာ ကိန်းဂဏန်းပဲ။ ဘောလုံးပေးပို့မှု မရှိသလောက်နည်းပေမဲ့ ဟာလန်းက ခပ်မိုက်မိုက်ဂိုးတစ်ဂိုး သွင်းပြနိုင်ခဲ့တယ်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
