မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှ အာဂျင်တီးနားနာမည်ကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီသည် လူမှုကွန်ရက်ဖြစ်သည့် Instagram တွင် ပေါ်တူဂီဘောလုံးအကျော်အမော် စီရော်နယ်လ်ဒိုပြီးနောက် Follower သန်း(၅၀၀)ပြည့်မြောက်သည့် ဒုတိယမြောက် လူသားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် လက်ရှိတွင် Follower (၆၂၂)သန်းရှိနေပြီး မက်ဆီထက် (၁၂၂)သန်း ပိုများလျက်ရှိသည်။
စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ထက် Follower ပိုများသည်မှာ Instagram Official Page ဖြစ်ပြီး (၆၆၉)သန်း Follow လုပ်ထားသည်။
မက်ဆီ၏နောက်တွင် အနုပညာနယ်ပယ်မှ ဆလီနာဂိုးမက်ဇ်က (၄၂၉)သန်း၊ ကိုင်လီဂျန်နာက သန်း(၄၀၀)၊ ဒွိုင်းဂျွန်ဆင်(The Rock)က (၃၉၇)သန်း၊ အာရီယာနာဂရန်ဒီက သန်း (၃၈၀)၊ ကင်ကာဒစ်ရှီယန်က (၃၆၄)သန်း၊ ဘီယွန်စေးက သန်း (၃၂၀)နှင့် ခိုးကာဒစ်ရှီယန်က သန်း (၃၁၀)ရှိကာ Follower အများဆုံး ထိပ်ဆုံး (၁၀)ဦးတွင် ပါဝင်နေကြောင်း သိရသည်။
အားကစားဆိုင်ရာ စီးပွားရေးအချက်အလက်ပြုစုသော ကုမ္ပဏီဖြစ်သည့် Sportico က Instagram တွင် Active ဖြစ်သော (၂.၅)ဘီလျံအနက် (၂၀)ရာခိုင်နှုန်းသည် မက်ဆီကို Follow လုပ်ထားကြောင်း ဖော်ပြခဲ့သည်။
မက်ဆီသည် ၂၀၂၃ နွေရာသီက အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ပြီးနောက် ဘောလုံးအားကစားနည်းတွင်သာမကာ အားကစားအမျိုးအစားအားလုံးတွင် အထင်ရှားဆုံးကြယ်ပွင့်တစ်ပွင့်အဖြစ် တည်ဆောက်နိုင်ခဲ့သည်။
မက်ဆီ လက်ရှိရှိနေသည့် အရေအတွက်သည် အမေရိကန်မေဂျာအားကစားလိဂ် (၅)ခုဖြစ်သည့် NBA (ဘက်စကတ်ဘော)၊ NFL(အမေရိကန်ရပ်ဘီ)၊ MLB(ဘေ့စ်ဘော)၊ NHL(ဟော်ကီ)၊ MLS (ဘောလုံး)ပြိုင်ပွဲများမှ ကလပ်အားလုံး၏ စုစုပေါင်း Follower ထက် သာလွန်နေကြောင်း သိရသည်။
အသက် (၃၆)နှစ်အရွယ်ရှိ မက်ဆီကို Follow လုပ်ထားသည့် (၇၂)ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ပြီး ယင်းထဲမှ ဘရာဇီးလ်က (၁၂) ရာခိုင်နှုန်း၊ အိန္ဒိယက (၈.၁)ရာခိုင်နှုန်း၊ အာဂျင်တီးနားက (၆.၅)ရာခိုင်နှုန်း၊ အမေရိကန်က (၆.၂)ရာခိုင်နှုန်း အသီးသီးရှိနေကြောင်း သိရသည်။
အားကစားသမားများအနေဖြင့် စီရော်နယ်လ်ဒို၊ မက်ဆီတို့၏နောက်တွင် အနီးကပ်ဆုံးရပ်တည်နေသူမှာ အိန္ဒိယခရစ်ကတ်သမား ဗီရတ်ခိုလီဖြစ်ပြီး Follower (၂၆၆)သန်း ရှိနေသည်။
NBA ဘက်စကတ်ဘောအကျော်အမော် လီဘရွန်ဂျိမ်းစ်မှာ Follower (၁၅၉)သန်းသာရှိကြောင်း သိရသည်။
ဘောလုံးသမားများထဲတွင် စီရော်နယ်လ်ဒို၊ မက်ဆီနောက် နေမာက (၂၁၉)သန်း၊ ဘာပေက (၁၁၂)သန်း၊ ဘက်ခမ်က (၈၇)သန်း ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
