အက်သလက်တီကိုအသင်း ဥက္ကဋ္ဌ စီရီဇိုက လာမည့်နွေရာသီတွင် မြို့ခံပြိုင်ဘက် ရီးယဲလ်အသင်းထံသို့ ရောက်ရှိလာမည့် နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘာပေ (၂၅ နှစ်)သည် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့် ၂၀၂၄ နွေရာသီတွင် ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းများထွက်ပေါ် နေသည်။
စီရီဇိုက "ထိပ်တန်းကစားသမားတွေ စပိန်လာလီဂါကို ရောက်လာတာက ကျွန်တော်တို့အတွက် အမြဲတမ်းကောင်းပါတယ်။ ရီးယဲလ်၊ ဘာစီလိုနာ၊ ကော်ဒိုဘာ ဘယ်အသင်းကိုပဲ ရောက်ရောက်ပေါ့။ ကျွန်တော်တို့ လိဂ်မှာ ဘာပေလိုကစားသမားမျိုးရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ သူသာ ရောက်လာမယ်ဆိုရင် အရမ်းကောင်းမှာပါ"ဟု ပြောကြားခဲ့သည်။
ဘာပေသည် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၃၂) ဂိုးအထိ သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
