မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်နည်းပြ ကလော့ပ်၏နေရာ ကို ဆက်ခံရန် ရေပန်းအစားဆုံးဖြစ်နေသည့် လေဗာကူဆင်အသင်းနည်း ပြ အလွန်ဆိုကို ချီးကျူးခဲ့သည်။
ယခုရာသီတွင် လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံ (၃၃) ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ဦးဆောင်ထားသည့် နည်းပြ အလွန်ဆိုသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်လမ်းခွဲမည်ဟု ကြေညာထားသည့် ကလော့ပ်၏ နေရာတွင် အစားဝင်ရောက်မည့်သူအဖြစ် သတင်းထွက်နေသူဖြစ်သည်။
အလွန်ဆိုသည် ကစားသမားဘဝတွင် ဘိုင်ယန်မြူးနစ်အသင်း၌ ကစားစဉ်က လက်ရှိ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၏လက်အောက်တွင် ကစားဖူးသူလည်း ဖြစ်သည်။ ထို့ကြောင့် ဂွါဒီယိုလာက ယခုရာသီတွင် လေဗာကူဆင်ကို အကောင်းဆုံးစွမ်းဆောင်ပေးထားသည့် အလွန်ဆိုကို ချီးကျူးခဲ့ခြင်း ဖြစ်သည်။
ဂွါဒီယိုလာက "လာမယ့်ရာသီမှာ အလွန်ဆို လီဗာပူးလ်နည်းပြ ဖြစ်လာမလားဆိုတဲ့ မေးခွန်းကို ကျွန်တော် မဖြေနိုင်ပါဘူး။ ဒါက လီဗာပူးလ်အသင်း ဖြေရမယ့်မေးခွန်းပါ။ သူတို့ ဘယ်လို အတွေးတွေရှိနေလဲ ကျွန်တော် မသိပါဘူး။ ကျွန်တော် ပြောနိုင်တာက အခုအလွန်ဆို လုပ်ပြနေတာပါပဲ။ မော်ဒန် ဘောလုံးမှာ (၃၃) ပွဲဆက် ရှုံးပွဲမရှိကစားနိုင်တာ သူတို့တစ်သင်းပဲ ရှိတာပါ။ အလွန်ဆိုဟာ အရမ်းဉာဏ်ရည်ထက် မြက်သူပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
