ထိုင်းဝန်ကြီးချုပ် ပယ်ထုံထန်ရှင်နာဝါထရာသည် စက်တင်ဘာ ၁၃ ရက်က ချင်းရိုင်ပြည်နယ် မယ်ဆိုင် ခရိုင် ကို သွားရောက်ခဲ့ပြီး တိုင်ဖွန်းမုန်တိုင်းကြောင့် ရေဘေးဒဏ်ခံစားနေရသည့် ဒေသခံများကို အားပေးနှစ်သိမ့် စကားပြောကြားခဲ့သည်။
အကူအညီလိုအပ်နေသူများကိုကူညီရန် မမောနိုင်မပန်းနိုင်အလုပ်လုပ်နေကြသော လုပ်အားပေးများကို ကိုယ်ရေးကိုယ်တာအရ ကျေးဇူးတင်စကားပြောရန်နှင့် အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များကို နားထောင်ရန် ၎င်းသည် ထိုင်း နိုင်ငံမြောက်ပိုင်းကို လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြင်းအထန်ကြိုးစားပြီး စွန့်လွှတ်အ နစ်နာခံသည့်် စေတနာ့ဝန်ထမ်းများကို ထိုင်းဘုရင်ကလည်း ကျေးဇူးတင်စကားပြော ကြားခဲ့သည်ဟုဝန်ကြီးချုပ်ပယ်ထုံထန်က ပြောသည်။
ပိတ်မိနေသူများနှင့်အစားအသောက် ထောက်ပံ့မှုများနှင့်အဆက်ပြတ်နေသူများကို အကူအညီပေးရန် စစ်သားများနှင့်အထူး စစ်ဆင်ရေး တပ်ဖွဲ့များကို ဖြန့်ကြက်ထား သည်ဟု စစ်တပ်တာဝန်ရှိသူများက ပြော ကြားသည်။ အချို့နေရာများကို မော်တော် ဘုတ်ငယ်များ၊ ရဟတ်ယာဉ်များဖြင့်သာ သွားနိုင်သောကြောင့် ကျွမ်းကျင် ဝန်ထမ်းများ လိုအပ်နေသည်။
ထိုင်းရေတပ်က ဝေးလံသောဒေသများ တွင် သောင်တင်နေသူ ၃၀၀ ခန့်ကိုကူညီရန် ကုန်းရေ နှစ်ထွေသွား တိုက်ခိုက်ရေးယာဉ်များကို အသုံးပြုခဲ့သည်ဟု ဆိုသည်။
ယင်းခရီးစဉ်အတွင်း ပယ်ထုံထန်သည် မဲဆောက်မြစ်ပေါ်ရှိ ပထမဆုံး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို သွားခဲ့သည်။
ရေများကျသွားပြီဖြစ်သော်လည်း ရွှံ့များနှင့် အမှိုက်သရိုက်များကျန်ရှိနေသောကြောင့် အရေးကြီးသော နယ်စပ်စီးပွားရေးဇုန်ကို ထိ ခိုက်စေခဲ့သည်။ “ဝန်ကြီးချုပ်က ပွေ့ဖက်တာနဲ့တင် လုံ လောက်ပါပြီ”ဟု နယ်ခံတစ်ဦးက ပြောကြားခဲ့ သည်။
“ဒါဟာ ကျွန်မကို အင်အားတွေဖြစ်စေ ပါတယ်။ ကျွန်မဟာ ချက်ချင်းအလုပ်ပြန်လုပ် မှာဖြစ်ပြီးတော့ ဘာလျှော်ကြေး ပေးနိုင်မလဲ ဆိုတာကိုဆန်းစစ်မှာဖြစ်ပါတယ်” ဟု ပယ်ထုံထန်က ပြောကြားခဲ့သည်။
၎င်းတို့ကို မေ့မထားရန် ပြောကြားသော နယ်ခံများကိုလည်း ပယ်ထုံထန်က “ကျွန်မ ဟာ နယ်ခံတွေကို ပစ်မထားပါဘူး”ဟု ပြော ကြားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တွင် ကျူးကျော် တည်ဆောက်ထားသော အဆောက်အအုံများ က ရေမြောင်းများကို ကျဉ်းသွားစေသော ကြောင့် ရေစီးဆင်းမှုကို သက်ရောက်စေသည် ဟု မဲဆောက်ခရိုင်၌ လုပ်ဆောင်သည့် ကနဦး စုံစမ်းစစ်ဆေးမှုအရ သိရသည်။ ထိုကျူးကျော် အဆောက်အအုံများကိစ္စကို ဖြေရှင်းရေးအ တွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ လိုအပ် လိမ့်မည်ဖြစ်သည်။
ဝန်ကြီးချုပ်သည် သွားလာရေး အခြေ အနေများတိုးတက်ကောင်းမွန်ရေးအတွက် ကျိုးကျသွားသော တံတားကို ပြင်ဆင်မှုများ လုပ်ဆောင်ရာတွင် အလုပ်တွင်စေရန် အဝေးပြေးကားလမ်းများ ဌာနကို ညွှန်ကြားခဲ့သည် ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
