မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌဌာနာစရိယ)က ရေဘေးသင့် ပြည်သူများအတွက် ပထမအကြိမ် အလှူငွေကျပ်သိန်း ၁ဝဝဝ မတည်၍ လှူဒါန်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ကြေညာထားမှုအရ သိရသည်။
အဆိုပါလှူဒါန်းငွေများကို ဆရာတော်၏ တပည့်များဖြစ်သည့် ဦးဇဝန၊ ဦးဥတ္တရဝံသနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ မန္တလေးတို့က ဦးဆောင်၍ လိုအပ်ချက်များကို စီစဉ်နေကြကြောင်းသိရသည်။
မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒသည် လက်ရှိတွင် အမေရိကန်နိုင်ငံတွင် ခေတ္တရောက်ရှိ သီတင်းသုံးလျက်ရှိကြောင်း သိရသည်။
အလားတူ မဇ္ဈိမဂုဏ်ရည်ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒကလည်း အလှူငွေ ကျပ်သိန်း ၁ဝဝဝ မတည်ပြီး ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တပည့်ဒါယကာ၊ ဒါယိကာမများကလည်း ရေဘေးသင့်ပြည်သူများအတွက် ဆရာတော်ဦးဆောင်သော မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးထံ အလှူငွေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
