စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ခုနစ်ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ခြောက်ပေခွဲခန့် စိုးရိမ်ရေမှတ်အထက် အသီးသီးကျော်လွန်ရောက်ရှိနေကြောင်း စက်တင်ဘာ ၁၃ ရက်ညပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၃ ရက် ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ် ၂၈ ဒသမ ၅၄ ပေအထက်သို့ သုံးပေကျော် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း နှစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၉ ဒသမ ဒသမ ၆၉ ပေအထက်သို့ ခုနစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း သုံးပေခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေအထက်သို့ နှစ်ပေခွဲကျော် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ ပေအထက်သို့ တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း လေးလက်မခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေအထက်သို့ ခြောက်ပေခွဲကျော် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် တောင်ငူ၊ ပဲခူး၊ ဘားအံ၊ မြစ်ငယ်နှင့် မဒေါက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ပါရန် မိုးဇလက သတိပေးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
