ဘာစီလိုနာအသင်းသည် အက်သလက်တီကိုအသင်းထံမှ တစ်ရာသီအငှားဖြင့် ခေါ်ယူထားသည့် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်အား စျေးကြီးသဖြင့် အပြီးသတ်ခေါ်ယူသွားမည်မဟုတ်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
အသက် (၂၄) နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်သည် ပြီးခဲ့သည့်နွေရာသီကမှ အက်သလက်တီကိုအသင်းမှ ဘာစီလိုနာအသင်းထံသို့ တစ်ရာသီအငှားဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
ဂျော်အိုဖေးလစ်သည် ဘာစီလိုနာအသင်းသို့ စရောက်ခါစတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်း၏အဓိကကစားသမားအဖြစ် ကစားခွင့်ရခဲ့သော်လည်း နောက်ပိုင်းတွင် ခြေစွမ်းကျဆင်းသွားခဲ့ပြီး ပြီးခဲ့့သည့် (၂) လကျော်မှစကာ ဘာစီလိုနာအသင်းတွင် ပုံမှန်ပွဲကစားခွင့်ရရန်ပင် ရုန်းကန်နေရသည်။
ဘာစီလိုနာအသင်းအနေဖြင့် ယခင်က ဂျော်အိုဖေးလစ်အား အပြီးသတ်ခေါ်ယူရန် ဆန္ဒရှိခဲ့သော်လည်း အသင်း၏ဘဏ္ဍာရေးအခြေအနေကြောင့် ၎င်းကို အပြီးသတ်ခေါ်ယူလိုခြင်းမရှိတော့ကြောင်း သိရှိရသည်။
အက်သလက်တီကိုအသင်းအနေဖြင့် အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဂျော်အိုဖေးလစ်အား အပြီးသတ်ရောင်းချမည်ဆိုပါက အနည်းဆုံး ယူရိုသန်း (၈၀) အထိ အလိုရှိနေကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးပြဿနာများကြောင့် ဂျော်အိုဖေးလစ်အား ယူရိုသန်း (၈၀) ပေးချေကာ အပြီးသတ်ခေါ်ယူလိုခြင်းမရှိကြောင်း Marca က ဖော်ပြခဲ့သည်။
ဂျော်အိုဖေးလစ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၃၀)တွင် (၈)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ထားသည်။
လက်ရှိ ဘာစီလိုနာတိုက်စစ်တွင် လီဝန်ဒေါစကီး၊ ဖယ်ရန်တောရက်စ်၊ ရာဖင်ညာနှင့် ယာမားလ်တို့ရှိနေပြီး ယင်းကစားသမားများမှာ ခြေစွမ်းပြနေသည့်အတွက် ဂျော်အိုဖေးလစ်မှာ နေရာပျောက်နေခြင်းဖြစ်သည်။
ထို့ပြင် လာမည့်ရာသီတွင် ဘာစီလိုနာအသင်းအနေဖြင့် ဘရိုက်တန်အသင်းထံသို့ အငှားချထားသည့် အန်ဆူဖာတီလည်း ပြန်လာမည်ဖြစ်ရာ ဂျော်အိုဖေးလစ်အတွက် ငွေသုံးရန် ဆန္ဒမရှိခြင်းဖြစ်သည်။
ဂျော်အိုဖေးလစ်သာ ဘာစီလိုနာတွင် ဆက်ကစားမည်ဆိုပါက အငှားထပ်ခေါ်နိုင်ကြောင်းလည်း Marca က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
