ဘာစီလိုနာအသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် နည်းပြ ဇာဗီ၏နေရာတွင် အစားထိုးရန်အတွက် အင်တာမီလန်နည်းပြ အင်ဇာဂီကို ပစ်မှတ်ထားနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။
ဘာစီလိုနာနည်းပြ ဇာဗီသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု ကြေညာထားသည်။
ဘာစီလိုနာအသင်းသည် ဇာဗီ၏နေရာတွင်ဆက်ခံမည့် နည်းပြကို ရှာဖွေနေပြီဖြစ်ပြီး ဂျာမနီနည်းပြဟောင်း ဟန်ဆီဖလစ်ခ်မှာ ရေပန်းအစားဆုံးဖြစ်နေသည်။
သို့သော် ယခုအခါ ဘာစီလိုနာအသင်းသည် အင်တာမီလန်နည်းပြ အင်ဇာဂီကို ပစ်မှတ်ထားလာကြောင်း သိရသည်။
အင်ဇာဂီသည် အင်တာမီလန်အသင်းတွင် ငွေကြေးအမြောက်အမြားသုံးစွဲခြင်းမရှိဘဲ အသင်းကို ထိပ်တန်းအဆင့်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
အင်ဇာဂီကို နည်းပြအဖြစ် ခန့်အပ်ရန် ဘာစီလိုနာအပြင် ချယ်လ်ဆီးနှင့် မန်ယူတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
