မန်ယူအသင်းတွင် ပြန်ကစားရန် တိုက်စစ်မှူး ဂရင်းဝုဒ် ဆန္ဒမရှိ
24htopnews | September 14, 2024 4:12 PM CST
ဂီတာဖေးအသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်သည် မိခင်ကလပ် မန်ယူအသင်းတွင် ပြန်ကစားရန် ဆန္ဒမရှိကြောင်း သိရှိရသည်။
ဂရင်းဝုဒ် (၂၂ နှစ်)သည် ၂၀၂၂ ဇန်နဝါရီတွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုသံသယဖြင့် တရားရင်ဆိုင်ခဲ့ရပြီးနောက် မန်ယူအသင်းအတွက် ပြန်ကစားခွင့် မရတော့ပေ။
ထို့ကြောင့် ဂရင်းဝုဒ်သည် ပြီးခဲ့သည့်နွေရာသီတွင် ဂီတာဖေးအသင်းထံသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့သည်။
ယခုအခါ မန်ယူအသင်းပူးတွဲပိုင်ရှင်သစ် ဖြစ်လာသည့် ရက်ကလစ်ဖ်က ဂရင်းဝုဒ်အား အသင်းတွင် ပြန်ကစားခွင့်ပေးဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။
သို့သော် ဂရင်းဝုဒ်သည် ပြဿနာရင်ဆိုင်နေရချိန်တွင် ၎င်းကို မန်ယူအသင်း ထောက်ပံ့မှုနည်းပါးခဲ့သည်ဟုယူဆကာ အသင်းတွင်ပြန်ကစားရန် ဆန္ဒမရှိဖြစ်နေကြောင်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
