မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနားက ဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် ပြသနေသည့် မိမိ၏ခြေစွမ်းအပေါ် မိမိကို်ယ်တိုင် အံ့သြမိကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဖေဖော်ဝါရီ (၂၇) ရက်က ကစားခဲ့သည့် FA ဖလားပဥ္စမအဆင့်ပွဲစဉ် လူတန် (၂-၆) မန်စီးတီးပွဲတွင် ဒီဘရိုင်းနားသည် တိုက်စစ်မှူး ဟာလန်း သွင်းယူခဲ့သည့် (၅) ဂိုးတွင် (၄) ဂိုး အထိ ဖန်တီးပေးခဲဲ့သည်။
ထို့ကြောင့် ပွဲအပြီးတွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်း နှင့် ဒီဘရိုင်းနားတို့၏ အချိတ်အဆက်မိမှုကို ချီးကျူးခဲ့သလို၊ လူတန်နည်းပြ အက်ဒ်ဝက်ဒ်ကလည်း ဟာလန်းနှင့် ဒီဘရိုင်းနားတို့မှာ လက်ရှိဘောလုံးလောကတွင် အကောင်းဆုံး နံပါတ် (၉) နှင့် နံပါတ် (၁၀) ကစားသမားများဖြစ်သည်ဟု ချီးကျူးခဲ့သည်။
ဒီဘရိုင်းနားသည် ရာသီအစက ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် (၆) လနီးပါး အနားယူခဲ့ရသော်လည်း ယခုရာသီ ပြိုင်ပွဲစုံ (၁၂) ပွဲတွင် (၂) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၂) ကြိမ်အထိ ပြုလုပ်ပေးထားသည်။
ထို့ ကြောင့် ဒီဘရိုင်းနားက မိမိအနေဖြင့် ဒဏ်ရာမှ ပြန်လာပြီးနောက် ယခုကဲ့သို့ ခြေစွမ်းပြကစားနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီဘရိုင်းနားက ''တံကောက်ကြောဒဏ်ရာအတွက် ကျွန်တော် စိတ်မပူပါဘူး။ ဒါပေမဲ့ ရိုးသားစွာဝန်ခံရမယ်ဆိုရင် ပြန်ကစားချိန်မှာ အခုလို ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ထင်မှတ်မထားခဲ့ပါဘူး။ ကျွန်တော်တို့က ပြိုင်ဘက်နဲ့ ကစားတဲ့အချိန်မှာ သူတို့ကို နာကျင်အောင်လုပ်နိုင်မယ့်နည်းလမ်းကို ရှာဖွေလေ့ရှိပါတယ်။ ဟာလန်းက ဂိုးတွေအများကြီး သွင်းနိုင်တာကလည်း ကျွန်တော်တို့အတွက် အရမ်းကောင်းပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
