ဆော်ဒီပရိုလိဂ်သည် စိတ်လှုပ်ရှားစရာကောင်းကြောင်း ရူဘင်နေးဗက်စ် ပြောကြား
24htopnews | September 14, 2024 4:12 PM CST
အယ်ဟီလာကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်က ဆော်ဒီပရိုလိဂ်သည် စိတ်လှုပ်ရှားစရာကောင်းသည့် လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပေါ်တူဂီကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်(၂၆ နှစ်)သည် ပြီးခဲ့သည့်နွေက ဝုလ်ဗ်အသင်းမှ အယ်လ်ဟီလာအသင်းထံသို့ ယူရို (၅၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ရူဘင်နေးဗက်စ်က ''ကျွန်တော်ဟာ တစ်နေ့မှာ ဥရောပကို ပြန်လာပြီး ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်း ရှိနေဆဲပါပဲ။ ဒါပေမဲ့ ရိုးသားစွာဝန်ခံရမယ်ဆိုရင် အခုလောလောဆယ်တော့ ဥရောပကို ပြန်လာကစားဖို့ အစီအစဉ်မရှိသေးပါဘူး။ အခုအတိုင်းဆိုရင် လာမယ့် (၂) နှစ်အတွင်း ဆော်ဒီပရိုလိဂ်ဟာ အရေးအကြီးဆုံးလိဂ်တွေထဲက တစ်ခုဖြစ်လာမှာပါ။ ထိပ်တန်းကစားသမားတွေလည်း ထပ်ပြီးရောက်လာပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
