မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲပြိုင်ဘက် အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီကထက် ပိုကောင်းလာကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီက စီးရီးအေပြိုင်ပွဲတွင် အဆင့် (၃) သာ ရရှိခဲ့သော်လည်း ယခုရာသီ စီးရီးအေပွဲစဉ် (၂၆) အပြီးတွင် ရမှတ် (၆၉) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေပြီး အဆင့် (၂) မှ ဂျူဗင်တပ်စ်အသင်း(၅၇ မှတ်)ကို (၁၂) မှတ်ဖြတ်ထားသည်။
ထို့ကြောင့် ဂွါဒီယိုလာက ''အင်တာမီလန်ကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ စီးရီးအေပြိုင်ပွဲမှာ ပြိုင်ဘက်တွေထက် အရမ်းကို ကောင်းနေတယ်။ ပြီးခဲ့တဲ့ရာသီက ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ကျွန်တော်တို့ အနိုင်ရခဲ့ပေမဲ့ အခုရာသီမှာ သူတို့ပိုအင်အားတောင့်တင်းလာပြီး ပိုကောင်းလာတယ်။ စီးရီးအေမှာ ထူးဆန်းတာတွေ မဖြစ်ဘူးဆိုရင် သူတို့ ဖလားရမှာ သေချာပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်မှာ သူတို့ကို သတိထားရမှာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
