မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်အနေဖြင့် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းအား အသင်းနည်းပြအဖြစ် ခန့်အပ်ရန် ဆန္ဒရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မိမိအနေဖြင့် ရာထူးမှထုတ်ပယ်ခံရမည်ကို စိတ်မပူကြောင်း ရက်ကလစ်ဖ်နှင့် အဖွဲ့၏ယုံကြည်မှုကို ရရှိထားကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်နှင့် ၎င်း၏ INEOS အဖွဲ့သည် မန်ယူအသင်း၏ ရှယ်ယာ (၂၇.၇) ရာခိုင်နှုန်းကို ပေါင် (၁.၃) ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေပြီး အသင်းနည်းပြ တန်ဟက်ဂ်၏အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေသည်။
ယင်းအခြေအနေတွင် အသင်းပူးတွဲပိုင်ရှင်ဖြစ်လာသည့် ရက်ကလစ်ဖ်သည် ယခုရာသီကုန်တွင် အသင်းနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ကာ ၎င်းနေရာတွင် အသင်းလက်မဲ့ဖြစ်နေသည့် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကို အစားထိုးခန့်အပ်သွားရန် ဆန္ဒရှိနေကြောင်း ပြင်သစ်မီဒီယာ Foot Mercato က ဖော်ပြခဲ့သည်။
ယင်းကဲ့သို့ သတင်းများထွက်ပေါ်နေသော်လည်း တန်ဟက်ဂ်ကမူ ရာထူးမှထုတ်ပယ်ခံရမည်ကို စိတ်မပူကြောင်းနှင့် အသင်းပူးတွဲပိုင်ရှင်သစ်၏ယုံကြည်မှုကို ရရှိထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တန်ဟက်ဂ်က ''ကျွန်တော့်ရဲ့ စာချုပ်က (၃) နှစ် ချုပ်ဆိုထားတာပါ။ ဒါကြောင့် ကျွန်တော် စိတ်မပူပါဘူး။ အသင်းတိုးတက်ရေးကိုပဲ အာရုံစိုက်ထားပြီး ကျန်တာတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ရက်ကလစ်ဖ်၊ ဘရေ့စ်ဖို့ဒ်တို့နဲ့ ကျွန်တော် စကားအများကြီး ပြောပြီးပါပြီ။ ကျွန်တော့်အပေါ် သူတို့ယုံကြည်မှုအပြည့်ရှိတယ်လို့ ခံစားရပါတယ်''ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသလို၊ ပရီးမီးယားလိဂ်တွင်လည်း အဆင့် (၆)နေရာ ရောက်ရှိနေသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) အပြီးတွင် ရမှတ် (၄၄ မှတ်) ရရှိထားပြီး အဆင့် (၄) နေရာမှ အက်စတွန်ဗီလာအသင်း(၅၂ မှတ်)နှင့် (၈) မှတ်အထိ ကွာဟနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
