ရေဘေးဒဏ်ကြုံတွေ့နေရသည့် ဒေသများရှိရေဘေးဒုက္ခသည်များအတွက် အကူအညီပေးနိုင်ရန် ကျပ်သိန်း ၃၅၀၀ ဝန်းကျင်ခန့် ရရှိနေပြီဖြစ်ကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေ က သူမ၏ လူမှုကွန်ယက်မှ တဆင့်ပြောသည်။
ကနဦးတွင် သရုပ်ဆောင် ခိုင်နှင်းဝေမှ ကျပ်သိန်း ၃၀၀ မ-တည်လှူဒါန်းခြင်းဖြစ်ပြီး ယင်းနောက် Felicity Solar Myanmar မိသားစုမှ ကျပ်သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိသည့် ပစ္စည်းများကို လှူဒါန်းလာခြင်း ဖြစ်သည်။
ယင်းနောက် နာမည်ကြီး အနုပညာရှင်များ အပါအဝင် ခုနှစ်ရက်သားသမီးများမှ ပိုမိုပါဝင်လှူဒါန်းလာခြင်းကြောင့် စုစုပေါင်း သိန်း ၃၅၀၀ ဝန်းကျင်ခန့် ရရှိလာခဲ့သည်ဟု သိရသည်။
ထိုအလှူငွေများကို လိုအပ်သည့် နေရာများသို့ ကိုယ်တိုင် သွားရောက်ကူညီမျှဝေပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွါးကာ ရန်ကုန်၊ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့ အသီးသီးက မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ပေးလျက်ရှိနေသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
