ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ တံတားဦးမြို့နယ်အပိုင် မိုင်တိုင်အမှတ် ၃၅၄၊ ၃၅၅၊ ၃၅၆ တွင် ရေများ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာ၍ ယနေ့ စက်တင်ဘာ (၁၄) ရက် နံနက်အစောပိုင်းမှ စတင်ကာ ကားကြီး၊ ကားသေးများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ခရီးသွားလာသူများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ (၁၃) ရက်က အဆိုပါလမ်းပိုင်းတွင် ရေများ ဖြတ်ကျော်ဝင်ရောက်လာသဖြင့် ကားအသွားအလာများ ယာယီရပ်နားထားခဲ့ရကြောင်း သိရသည်။
“ညက မဖြတ်ဘဲ မနက်မှ လာလို့ ကံကောင်းသွားတယ်။ မနေ့က မိုင်တိုင် ၃၅၆ မှာ ရေမြုပ်တယ်လေ အခုပြန်ပေါ်လာတာ ရေစီးကတော့ တော်တော်သန်နေတုန်းပါပဲ။”ဟု မန္တလေးမှ ရန်ကုန်သို့ ကိုယ်ပိုင်ယာဉ်ဖြင့် ခရီးသွားလာသူ တစ်ဦးကပြောသည်။
ယမန်နေ့ စက်တင်ဘာ (၁၃)ရက်က အမြန်လမ်း တံတားကျိုးသွားပြီဟု သတင်းအမှားများ ထွက်ပေါ်ခဲ့ပြီး ခရီးသွားများ စိုးရိမ်မှုမြင့်တက်ခဲ့ရာ အမြန်လမ်း တံတားကျိုးခြင်းမရှိဘဲ မိုင်တိုင် ၃၅၅ မှ ၃၆၀ ထိ ရေကျော်ခဲ့ကာ မန္တလေးအဝင် လမ်းဘက်အခြမ်းမှ ရေမှာ ခါးလောက်ထိ ရောက်ရှိခဲ့ပြီး အသွားအပြန် ၁ လမ်းသာ သွားလာ၍ရခဲ့ကြောင်း ခရီးသွားများထံမှ သိရသည်။
ရေကြီးရေလျှံမှုကြောင့် တံတားဦးမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများလည်း ရေဝင်ရောက်လာပြီဖြစ်သည့်အတွက် ရေဘေးလွတ်ရာ အမြန်လမ်းပေါ်သို့ ရေဘေးရှောင်ရန် ရောက်ရှိလာခဲ့ကြကြောင်းလည်း သိရသည်။
ယာဂီမုန်တိုင်း လက်ကျန်လေပွေလှိုင်းအရှိန်ကြောင့် နိုင်ငံတဝန်း စက်တင်ဘာ (၁၀) နံနက်ပိုင်းမှစတင်၍ ရေကြီး၊ ရေလျှံမှုများနှင့် ရင်ဆိုင်နေရပြီး၊ လမ်းပိုင်းအချို့တွင်လည်း မြေပြိုခြင်း လမ်းရေကျော်ခြင်းများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၁၀) မြို့ထက်မနည်း ရေနစ်မြုပ်လျက်ရှိကာ ဒေသခံ သိန်းနှင့်ချီ ရေဘေးသင့်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
