ရွှေပြည်သာမြို့နယ် ၀ါးတရာချောင်းအတွင်း ဇူလိုင် ၄ ရက်က ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသားအလောင်းအား သုံးရက်အကြာတွင် တွေ့ရှိခဲ့ကြောင်း ရှာဖွေကူညီရာတွင် ပါဝင်ခဲ့သည့် Real Life ပရဟိတအသင်းမှ စုံစမ်းသိရှိရသည်။
ရေနစ်သေဆုံးခဲ့သည့် အမျိုးသားမှာ အသက် ၁၈ ရှစ်အရွယ်ဖြစ်ပြီး ၎င်းမှာ ဇူလိုင် ၄ ရက် မွန်းလွဲပိုင်းတွင် သူငယ်ချင်းဖြစ်သူနှင့်အတူ အလုပ်လာလျှောက်ရာမှ ကမ်းစပ်တွင် ထိုင်နေချိန် ရေနှင့် မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေဆုံးသူက သူ့သူငယ်ချင်းနဲ့ အလုပ်လာလျှောက်တာ။ သူတို့ထိုင်တဲ့ ဆိပ်ကမ်းလေးကသာယာတော့ တစ်ယောက်က ငါးဖမ်းတယ်။ သေဆုံးသူက ခြေထောက်ရေဆေးရင်း မျောပါသွားတာ။ နှစ်ယောက်လုံးက ရေမကူးတတ်ဘူး။ အဲဒီလိုဖြစ်ပြီးတော့ ကျွန်တော်တို့အသင်းကို နေ့ခင်းတစ်နာရီ ဖုန်းဝင်လာတာပါ။ ၁၈ နှစ်အရွယ် ယောက်ကျားလေးတစ်ယောက် ရေနစ်ပြီးပျောက်သွားတယ်ဆိုလို့ သွားရှာတာပါ။ နယ်မြေအသင်းတွေ နီးစပ်ရာအသင်းတွေနဲ့ ပူးပေါင်းပြီး ရှာဖွေတာပါ။ တစ်နာရီခွဲကျော်မှာ စရှာတာပါ။ ရေတက်တဲ့အချိန်မှာ ခနနားတယ်။ ညပိုင်း မီးစင်စက်လှေငှား ကျားပိုက်ဆင်ပြီး မနက်နှစ်နာရီထိုးမှာ ဆက်ရှာပါတယ်။ မတွေ့တော့ မနက်ခြောက်နာရီမှာ နားတယ်။ ဇူလိုင် ၅ ရက်မှာလည်း ဆက်ရှာတယ်။ ညနေ လေးနာရီခွဲလောက်မှာ မြစ်ဝက ငါးဖမ်းစက်လှေသမားက လာပြောတယ်။ မြစ်ဝထိပ်မှာ အလောင်းတွေ့တယ်ဆိုပြီး လာပြောတယ်။ အဲ့တော့ ရှာဖွေကယ်ဆယ်စက်လှေနှစ်စီးနဲ့ လိုက်တယ်။ ဒါပေမယ့် ရေစီးထဲပါသွားတော့ မတွေ့ခဲ့ပါဘူး” ဟု အလောင်းအား ရှာဖွေရာတွင် ပါဝင်ကူညီခဲ့သည့် Real Life ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းနောက် အလောင်းအား ဇူလိုင် ၆ ရက်၊ မွန်းလွဲပိုင်းတွင် ရွှေပြည်သာတံတားအကျော် ဒိုက်ပုံအနီးတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
“ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ မြစ်ရိုးတစ်လျှောက် သုံးစီးနဲ့ပတ်ပြီးရှာပါတယ်။ နေ့လည်တစ်နာရီထိုးလောက်မှာ ရွှေပြည်သာတံတားအကျော် ဒိုက်ပုံဘေးမှာ ကပ်နေတာကို တွေ့ရပါတယ်။ ခက်ခက်ခဲခဲရှာခဲ့ရပါတယ်။ ပထမရက်မှာ ရေငုပ်ပြီးရှာဖွေခဲ့ရပါတယ်။ နယ်မြေခံအသင်းက အကိုတစ်ယောက်နဲ့ ကျွန်တော်အသင်းက သူတွေ ရေငုပ်ရှာဖွေခဲ့တာပါ။ ရေနက်ထဲကျတော့ ကျွန်တော်အပါအဝင် သုံးဦး ရေငုပ်ရှာဖွေခဲ့ပါတယ်။ အလောင်းကို တွေ့တွေ့ချင်း အင်းစိန်အပိုင်ဆိုတော့ အင်းစိန်ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပါတယ်” ဟု အလောင်းအားရှာဖွေရာတွင် ပါဝင်ကူညီခဲ့သည့် Real Life ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလောင်းအား ရှာဖွေရာတွင် ရွှေပြည်သာအရန်မီးသတ်တပ်ဖွဲ့၊ ပေးဆပ်ခြင်းနှလုံးသားပရဟိတအသင်း၊ Real Life ပရဟိတအသင်း၊ We Love Care ပရဟိတအသင်းနှင့် သဟစိတ္တကာယပရဟိတအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား အင်းစိန်မြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်ကာ ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
