သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ(၅)လမ်းထိပ်တွင် အမျိုးသားနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားနှစ်ဦး ရာအိမ်မှူးများဖြစ်ကြောင်း ကနဦးသိရပြီး အောင်ဇေယျလမ်းမကြီးနှင့် အောင်ဇေယျ(၅)လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် အမည်မသိသူအချို့က သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ပစ်ခတ်ဒဏ်ရာများ ရရှိခဲ့သော အဆိုပါအမျိုးသားနှစ်ဦးကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထပ်မံသိရသောပြောကြားမှုများအရ နှစ်ဦးစလုံး သေဆုံးဖွယ်ရှိကြောင်း ယင်းရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားသည့်နေရာဖြစ်သော လက်ဖက်ရည်ဆိုင်အား ယာယီပိတ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
