ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စက်သုံးဆီ ၉၂ တစ်လီတာ ကျပ်နှစ်ထောင်အောက်သို့ ရောက်ရှိလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
ဇူလိုင် ၇ ရက်တွင် စက်သုံးဆီအရောင်းဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၁၈၃၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၉၅၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ်ဖြစ်သည်။
ဇူလိုင် ၆ ရက်က ၉၂ တစ်လီတာလျှင် ၂၀၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီ တာလျှင် ၂၄၁၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၃၈၀ ကျပ်ရှိခဲ့ပြီး ဇူလိုင် ၇ ရက်တွင် ဈေးနှုန်းများ ကျဆင်း လာခြင်းဖြစ်သည်။
ယင်းဈေးနှုန်းများမှာ ဧပြီလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီဈေးနှုန်းများမှာ ကျပ် ၂၀၀၀ ကျော်အထက်တွင်သာရှိခဲ့သည်။
“ ဧပြီလကုန်ကဈေးဖြစ်တဲ့ တစ်လီတာကျပ်နှစ်ထောင်အောက်ကို ပထမဆုံးအကြိမ်ပြန်ရောက်သွားပြီ” ဟု စက်သုံးဆီဈေးနှုန်းများကို လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောကြားသည်။
ဧပြီ ၃၀ ရက်တွင် ဈေးကွက်အတွင်း ရောင်းချခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၁၉၆၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၀၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၃၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီ တာလျှင် ၂၃၂၀ ကျပ်တို့ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
