ဘဏ္ဍာသိမ်းမော်တော်ယာဉ်များ လေလံတင်ရောင်းချမည့်အစီအစဉ်မရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် နိုင်ငံတော်မှ နိုင်ငံပိုင်(ပြည်သူ့ဘဏ္ဍာ)အဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များကို လေလံစနစ်ဖြင့် ထုခွဲရောင်းချမည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရသည်။
လက်ရှိအခြေအနေတွင် ဘဏ္ဍာသိမ်း မော်တော်ယာဉ်များ လေလံတင်ရောင်းချမည့် အစီအစဉ်မရှိကြောင်း အသိပေးကြေညာအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် လိုင်စင်ရှိ၊ လိုင်စင်မဲ့မော်တော်ယာဉ်များအပါအဝင် ဖမ်းမိပစ္စည်းများကို အမှုများအမြန်ဆုံးပြီးပြတ်အောင်ဆောင်ရွက်ပြီး လေလံပစ်ရောင်းချရမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ရရှိရန်လိုအပ်ကြောင်း၊ လေလံမပစ်မီ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးသွားလျှင် ဖမ်းဆီးပေးသူများ၏ ကြိုးပမ်း အားထုတ်မှုများအချည်းနှီးဖြစ်ရသကဲ့သို့ နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပုပ်သိုးပျက်စီးလွယ်သည့် ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် လေလံတင်ရောင်းချသွားရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ လိုင်စင်ရှိ၊ လိုင်စင်မဲ့မော်တော်ယာဉ်များကိုလည်း ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်ဆုံးအပ်နှံဆောင်ရွက်သွားကြရန်နှင့် အမှုများအမြန်ဆုံး ပြီးပြတ်နိုင်အောင်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆိုသည်။
တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် သယ်ဆောင်မှုများ၊ သိုလှောင်မှုများကို ဖမ်းဆီးအရေးယူမှုများအပြင် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်အောင် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် အချို့တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုကို ရနိုင်သမျှနည်းလမ်းများဖြင့် တားဆီးထိန်းချုပ်သွားကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု စတင်ရာနေရာ၊ သိုလှောင်ထားရှိသည့်နေရာများနှင့် တင်သွင်းရောက်ရှိပြီး ဖြန့်ဖြူးရန်သိုလှောင်ထားသည့် နေရာများကိုပါ ပုံမှန်၊ ရှောင်တခင်ဝင်ရောက်စစ်ဆေး အရေးယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
