ဖမ်းဆီးရမိသူများကို သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ နယ်နှင့် တာချီလိ်တ်မြို့နယ်တို့တွင် ကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက် ဖမ်းဆီးရမိကြောင်း ဇူလိုင် ၆ ရက်ညပိုင်းတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃ ရက် နံနက် ၈ နာရီခွဲတွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ဟိုတယ်အနီးတွင် စိုင်းဆိုင်ရွက်ဖူး မောင်းနှင် ပြီး စိုင်းဝင်းရှဲန် လိုက်ပါလာသည့် Crown မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ငါးသိန်း၊ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းင်းကျည်ငါး တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြ ပါရှိသည်။
ဆက်လက်ပြီး စစ်ဆေးချက်အရ နံနက် ၉ နာရီခွဲတွင် စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင် သူ စိုင်းခမ်းထောင်းကို အဆိုပါနေရာအနီးတွင် ဃျွဥျွှြ မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ် ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၁ နာရီတွင် တာချီလိတ်မြို့နယ် မယ်ယန်းကျေးရွာနေ စိုင်း နောင့် ၏ နေအိမ်ကိုရှာဖွေရာ စိုင်းနောင့်မှာ တိမ်းရှောင်လျက်ရှိပြီး စိုင်းဆိုင်ဝမ်းလျန်းနှင့် စိုင်းဟန်ခေးစက်တို့ နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်ဦးနှင့်အတူ အိုက်စ် (မက်သ် အဖက်တမင်း) ခြောက်ကီလို၊ စိတ်ကြွ ရူးသွပ် ဆေးပြား ၁၅၀၀၀ ၊ Ecstasy-အက်တက်စီ (ခေါင်းခါဆေး) ၁၇၀ ၊ အမှုန့် ၈၀ ဂရမ်၊ Ketamine -ကက်တမင်းအမှုန့် ၃၀ ဂရမ်၊ Happy Water(စိတ်ပြောင်းဆေးဝါးများ ရောစပ်ထား သောအမှုန့်) ၁၂၀ ဂရမ်တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သဖြင့် စုစုပေါင်းကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၁၅ သိန်း၊ အိုက်စ် (မက်သ်အဖက်တ မင်း) ခြောက်ကီလို၊ Ecstasy အက်တက်စီ (ခေါင်းခါဆေး) ၁၇၀၊ အမှုန့် ၈၀ ဂရမ်၊ Ketamine -ကက်တမင်းအမှုန့် ၃၀ ဂရမ်၊ Happy Water (စိတ်ပြောင်းဆေးဝါးများ ရောစပ်ထား သောအမှုန့်) ၁၂၀ ဂရမ်၊ ပစ္စတိုသေနတ်တစ် လက်၊ ၎င်းကျည် ငါးတောင့်တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီး ရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက် လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူး ယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
