မဲစာရင်းပြုစုရေးအတွက် လက်ရေးမူဖြင့် ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေး ကတ် ၅၁ သန်းကျော်စာရင်းကို နှစ်လအတွင်း ကွန်ပျူတာဒေတာသို့ ထည့်သွင်းနိုင်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် ပုံစံ ၆၆/၆ ပါ အ ချက်အလက်များအား ပုံစံ (၄) ရှိ စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
ဇူလိုင် ၆ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် နစကဒုတိယဥက္ကဋ္ဌက ထိုသို့ထည့် သွင်းပြောကြားခြင်းဖြစ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ၂၀၂၂ ခုနှစ် မတ် ၁၄ ရက်မှ စတင်ကျင်းပခဲ့ရာ သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ဧပြီ ၂၁ ရက်မှစ၍ ထုတ်ပေးထားပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ် ဒေတာများပြုစုရေး၊ ဒေတာအတွင်း ထည့်သွင်းရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်းအင်အား ၃၆၀၀ ကျော်၊ ကွန်ပျူတာအလုံးရေ ၃၀၀၀ ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များက ၀ိုင်းဝန်းပူးပေါင်းလိုက်နာဆောင်ရွက်ခဲ့ကြသည့်အတွက် ဇွန် ၂၁ ရက်တွင် လက်ရေးမူဖြင့် ထုတ်ပေးထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ် ၅၁ သန်းကျော်စာရင်းကို ကွန်ပျူတာဒေတာအတွင်းသို့ နှစ်လအတွင်း ထည့်သွင်းနိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
ထို့ပြင် ဒုတိယအဆင့်အနေဖြင့် ပုံစံ ၆၆/၆ ပါ အချက်အလက်များအား ပုံစံ (၄) ရှိ စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် လုပ်ငန်းပြီးစီးမှသာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အပြန်အလှန်စစ်ဆေးခြင်းဆောင်ရွက်ရန် ရပ်ကွက်၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ အဆိုပါမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ခြင်းပြီးစီးမှသာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပေးထားသည့် National Data Base တွင် စာရင်းဇယားများ မှန်ကန်လုံခြုံစွာ ရောက်ရှိမည်ဖြစ်ကြောင်း၊ National Data Base Main Sever တွင် ရှိနေသည့် အချက်အလက်များကို အသုံးပြု၍ သက်ဆိုင်ရာဌာနများအနေဖြင့် လိုအပ်သည့် အချက်အလက် စိစစ်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆင့် (၂) နှင့် အဆင့် (၃) ပါ လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲ၊ မှန်ကန်သည့်ရွေးကောက်ပွဲ၊ စာရင်းအတိအကျရှိသော ရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံသူနိုင်ငံသားများနှင့် ဌာနဆိုင်ရာများအတွက် အကျိုးရှိစေမည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက မဲစာရင်းများ မှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လူဦးရေစာရင်းကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မဲစာရင်း မှန်ကန်စွာရရှိရေး ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာ စာရင်းအချက်အလက်ကောက်ယူခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
