ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဆိပ်ကလေးကျေးရွာရှိ အထကကျောင်းခွဲ မီးရှို့ခံရပြီး ဆရာ ဆရာမနားနေဆောင်အခန်း တစ်ခန်းနှင့် စာကြည့်တိုက်အတွင်းရှိ စာရွက်စာတမ်းများ မီးလောင်ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဇူလိုင် ၅ ရက် ည ၉ နာရီခန့်တွင် ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာ၌ ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား ၆၃၀ ဦး ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာ အထက်တန်းကျောင်းခွဲအား PDF များက မီးရှို့ကာ ထွက်ခွာသွားခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာနေပြည်သူများက ၀ိုင်းဝန်းမီးငြိှမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါမီးလောင်မှုကြောင့် စာသင်ကျောင်းဝင်းအတွင်းရှိ ဆရာ ဆရာမများ နားနေဆောင် ပေ ၂၀ ပတ်လည် နှစ်ခန်းတွဲမှ အခန်းတစ်ခန်းနှင့် စာကြည့်တိုက်အခန်းအတွင်းရှိ သုံးထပ်သားပြားနှစ်ချပ်၊ စားပွဲခုံ တစ်လုံး၊ စာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
