မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက် တာ အေးဇံအပေါ် ရွေးကောက်ပွဲ မလျော် သြဇာသုံးခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားသည့် ပုဒ်မ - ၁၃၀ (က) အမှု နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက် က အပြီးသတ်အမိန့်မချသေးဘဲ ရုံးချိန်း ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်း တရားရုံးနှင့် နီးစပ် သူများထံမှ သိရသည်။
“ပုဒ်မ - ၁၃၀ (က) အမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်က အပြီးသတ် အမိန့် ချဖို့ စီစဉ်ထားပေမယ့် ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်က အမှုတွဲ မရောက်လာ သေးတဲ့အတွက် လာမယ့် ဇူလိုင်လ ၁၁ ရက်၊ နောက်တစ်ကြိမ်ရုံးချိန်းကို ရွှေ့ဆိုင်းလိုက် တာလို့ သိရပါတယ်၊ အဲ့ဒီနေ့မှ အမိန့်ချမယ် လို့ထင်ပါတယ်” ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦး က ပြောကြားသည်။
ဒေါက်တာအေးဇံ အပေါ် ရွေးကောက် ပွဲနှင့်ပတ်သက်ပြီး တရားစွဲဆိုထားသည့် ရာဇ သတ်ကြီး ဥပဒေပုဒ်မ - ၁၇၁ (စ) နှင့် အမှု နှစ်မှုကိုမူ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ပြည် ထောင်စုတရားလွှတ်တော်ရုံးချုပ်မှ ပယ်ဖျက် ကြောင်း အမိန့်ချမှတ်ပေးခဲ့ပြီးဖြစ်သော် လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နောက် ထပ် တရားစွဲဆိုခံထားရသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ (က) အတွက် ဆက်လက် တရားရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရ သည်။
ဒေါက်တာအေးဇံမှာ လက်ရှိတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ ဖြင့် အမှု (၉) အတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခြင်း ခံထားရသည့်အပြင် ရာဇ သတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ) အရ အလုပ် နှင့်ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
