ပြီးခဲ့သည့် ဇွန် ၂၂ ရက်က တပ်မတော် စစ်ကြောင်းနှင့်တွေ့ဆုံစဉ် ဖမ်းဆီးခံခဲ့ရသည့် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးကျော်မျိုး မင်း၏ ရုပ်အလောင်းကို ဇူလိုင်လ ၆ ရက်က ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။
ဦးကျော်မျိုးမင်းနှင့် ရပ်ကျေးပါတီဝင် များဖြစ်ကြသည့် ဦးပန်းမြင့်၊ ဦးကိုကိုမောင်း နှင့် ဒေသခံတစ်ဦးမှာ ဇွန်လ ၂၂ ရက် လယ်က တဲကျေးရွာဘက်သို့ ဆိုင်ကယ်နှစ်စီးဖြင့် သွားရောက်စဉ် တပ်မတော်စစ်ကြောင်းနှင့် တွေ့ဆုံခဲ့ပြီး ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ် ကြောင်းနှင့် ဒေသခံတစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း၊ ဦးကျော်မျိုး မင်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဦးပန်းမြင့် နှင့် ဦးကိုကိုမောင် တို့၏ ရုပ်အလောင်းများကို ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက် ၎င်းင်းတို့အား ဖမ်း ဆီးထိန်းသိမ်းခဲ့သည့်ဆိုသည့် ကျေးရွာအနီး တွင် တွေ့ရှိခဲ့ပြီးနောက် ဇူလိုင်လ ၆ ရက်တွင် ဦးကျော်မျိုးမင်း၏ ရုပ်အလောင်းအား ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ ဦးကျော်မျိုးမင်းရဲ့ရုပ်အလောင်းကို အရင် ဦးကိုကိုမောင်တို့၊ ဦးပန်းမြင့်တို့ကို မြေ မြှုပ်ခဲ့တဲ့နေရာရဲ့ မလှမ်းမကမ်းမှာ တွေ့ခဲ့ရ တာ။ အလောင်းက တော်တော်ကြာနေပြီး ဖြစ်လို့ ရုပ်ပျက်နေပြီလို့ သိရတယ်” ဟု ၎င်းင်း ဒေသခံက ပြောကြားသည်။
ဦးကျော်မျိုးမင်းမှာ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဖြစ်သည့်အပြင် ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဒုတိယအကြိမ် မွန် ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ ဝင်တစ်ဦးအနေဖြင့်လည်း ဆောင်ရွက်ခဲ့ဖူး ကြောင်းနှင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဦး ကျော်မျိုးမင်းမှာ ပုဒ်မ (၅၀၅) အပါအဝင် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေပုဒ်မ များဖြင့် အမှုဖွင့်ခံထားရသည့်အတွက် တိမ်း ရှောင်နေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
