လစာဖြတ်တောက်မှုများခြင်း၊ နှစ်ကြေးမရခြင်း၊ စက်ချုပ်အပ်များ ကိုယ်တိုင်ဝယ်ရခြင်းများရှိဟုဆိုကာ ဇေကမ္ဘာဝန်းအတွင်းရှိ JW စက်ရုံအလုပ်သမား ၂၀၀၀ ကျော် ဇူလိုင် ၇ ရက်က ဆန္ဒထုတ်ဖော် ကြောင်း သိရသည်။
အဆိုပါအလုပ်သမားများ ဆန္ဒထုတ်ဖော်ရာတွင် အချက် ခုနစ်ချက်ဖြင့် ဆန္ဒထုတ်ဖော်နေပြီး ညနေပိုင်းအထိ ညှိနှိုင်းနေကြဆဲဖြစ်ကြောင်း သွားရောက်ကူညီပေးသည့် အလုပ်သမား ကိုယ်စားလှယ် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ပြန်လာတဲ့ ညနေအထိကတော့ ညှိနှိုင်းနေကြတုန်းပါပဲ။ စက်ရုံဘက်ကလည်း အလုပ်သမားတွေ ဆန္ဒထုတ်ဖော်ရတဲ့ အချက်တွေကို မလိုက်လျောပေးပဲ ဖြေရှင်းချက်တွေပဲ ပေးနေတယ်လို့ သိရတယ်။ အဲဒီအတွက် မပြေလည်သေးပဲ ဆက်လက်ညှိနှိုင်းနေကြပါတယ်” ဟု ယင်းအလုပ်သမားကိုယ်စားလှယ်က ပြောကြားသည်။
အလုပ်သမားများ ဆန္ဒထုတ်ဖော်ရသည့် အချက်များမှာ လုပ်သက်ဆုကြေး၊ OT ကြေးလက်ငင်း ရှင်းပေးရန်၊ အလုပ်ပျက်လျှင် ငွေမတရားဖြတ်ခြင်းများ၊ လုပ်ငန်းခွင်အတွင်း ဆူ၊ ဆဲ၊ မတရားပြော ဆိုခြင်း၊ လိုင်းထဲတွင် ဆဲခြင်း၊ မန်နေဂျာမှ ရုံးခန်းတွင် ခေါ်ဆူခြင်းများ၊ ရက်စားဆင်းခိုင်းခြင်း၊ လစာ ဖြတ်တောက်မှုများခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်မရခြင်း၊ နှစ်ကြေးမရခြင်း၊ အခြေခံလစာကို တိုးပေးမည်ဟု ဂတိပေးထားပီး မတိုးပေးခြင်း၊ စက်ချုပ်အပ်ကို အလုပ်သမားငွေမှဝယ်ယူရခြင်း စသည့် အချက်များဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ JW စက်ရုံတွင် CRIVIT တဆိပ်နှင့် အခြား Brands များ ချုပ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံဘက်သို့ ဆက်သွယ်မေးမြန်းသော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
