မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံမှ ဝန်ထမ်းများအား လစာပေးရန် ဘဏ်မှ ငွေ ထုတ်ယူလာသည့် ငွေကျပ် သိန်း ၂၆၀၀ အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဇူလိုင် ၅ ရက် နံနက်ပိုင်း၌ ပခုက္ကူမြို့ နယ် ပန်းတိုင်းချုံကျေးရွာ၌ ဖွင့်လှစ်လုပ်ကိုင် လျက်ရှိသည့် Myanmar Effort အထည်ချုပ် စက်ရုံ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ အဆိုပါကျေးရွာ နေ ဦးဖြိုးမင်းကျော်သည် စက်ရုံမှ ဝန်ထမ်း များအား လစာပေးနိုင်ရေးအတွက် ပခုက္ကူ မြို့ ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၂၆၀၀ အား ၎င်းစီးနင်းသည့် MGY 9G/---- Hundi မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းသွားရောက် ထုတ်ယူပြီး ကျေးရွာသို့ပြန်လာစဉ် နံနက် ၁၁ နာရီခွဲအချိန် ပန်းတိုင်းချုံးကျေးရွာအနီးအရောက်၌ လမ်းဘေးရပ်တန့်ထားသည့် Nisan Tarano အမျိုးအစား အဖြူရောင်ယာဉ်ပေါ်မှ PDF ခြောက်ဦးခန့်က လက်နက်များကိုယ်စီ ကိုင်ဆောင်ကာဆင်းလာပြီး ဦးဖြိုးမင်းကျော် ၏ မော်တော်ယာဉ်အား တားဆီးကာ အဆိုပါ မော်တော်ယာဉ်နှင့် ယာဉ်ပေါ်တင်ဆောင် လာသည့် ဝန်ထမ်းများ လစာပေးချေရန် ထုတ်ယူလာသည့် ငွေကျပ် သိန်း ၂၆၀၀၊ လက်ကိုင်ဖုန်းသုံးလုံးတို့အား ဓားပြတိုက် လု ယက်ယူဆောင်ကာ ရေစကြိုမြို့နယ်၊ ဆင် ကျို့ကျေးရွာဘက်သို့ မောင်းနှင်ထွက်သွား ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထိုသို့ Myanmar Effort အထည်ချုပ် စက်ရုံပိုင်ငွေနှင့် မော်တော်ယာဉ်တို့အား ဓား ပြတိုက် လုယက်ယူဆောင်ခဲ့သူများအား ဖော် ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
