လွန်ခဲ့သည့် ဇူလိုင် ၅ ရက်က ဖားကန့် မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးအား KIA က ဖမ်းဆီးထားမှုအပေါ် ပြန်လွှတ်ပေးရန် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ညှိနှိုင်း ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ကာမိုင်းရဲစခန်းမှ ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးသည် ဇွန် ၅ ရက်က ဖား ကန့်မြို့နယ် တံတားညီနောင်နှင့် ခွန်ဆန် ယန်ကြား ဂေါလူယန်ကျေးရွာအနီးတွင် ဖမ်း ဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ် ပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးက ငြိမ်းချမ်းရေးအ ကျိုးဆောင်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အကျိုးဆောင်အဖွဲ့ဝင်တစ်ဦးက “အကူ အညီတောင်းတာ ဟုတ်ပါတယ်။ ပြည်နယ် ရဲတပ်ဖွဲ့ကပါ။ မြောက်ပိုင်းတိုင်းက မဟုတ်ပါဘူး။ သူတို့စိုးရိမ်တာက ခြေလွန်လက်လွန် ဖြစ်ကုန်မှာကိုပေါ့လေ။ ကေအိုင်အေဘက် က ဖမ်းခေါ်သွားတာကိုလည်း အတည်ပြုနိုင် ပါပြီ။ လုပ်ငန်းကိစ္စမပြီးသေးတော့ အားလုံး ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါတယ်” ဟု ပြော ကြားသည်။
ယခုကိစ္စရပ်များနှင့်ပတ်သက်၍ ကချင် ပြည်နယ်၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။
၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက လည်း ဖားကန့်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် သုံးဦး ကို ကေအိုင်အေက ဖမ်းဆီးခဲ့ပြီးနောက် ငြိမ်း ချမ်းရေးအကျိုးဆောင်အဖွဲ့က နှစ်ဖက်ညှိ နှိုင်းကာ ပြန်လည်လွတ်မြောက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
