သတ်မှတ်ကာလအတွင်း လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် KBZ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း၏ ဇနီးပိုင် ရွှေကမ္ဘောဇကုမ္ပဏီ၏ လုပ်ကိုင်ခွင့်ရ မြေဧက တစ်သောင်းခြောက်ထောင်ကျော်အား ပြန်လည်သိမ်းဆည်းလိုက်ကြောင်း ဇူလိုင် ၅ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ပြန်လည်သိမ်းဆည်းခံရသည့် မြေများမှာ တနင်္သာရီတိုင်း မြိတ်ခရိုင် သိန်းခွန်းရွာအုပ်စုနှင့် တမုတ်ချုံးကျေးရွာအုပ်စုများရှိ မြေများဖြစ်ပြီး ကော်မတီက ခွင့်ပြုထားသော်လည်း သတ်မှတ်ကာလအတွင်းဖော်ထုတ်စိုက်ပျိုးခြင်းမရှိဖြင့် လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပေးသွင်းထားသည့် အာမခံကြေးများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်သည်ဟု မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါမြေနေရာများကို လုပ်ကိုင်ခွင့်ရရှိသူမှာ ရွှေကမ္ဘောဇကုမ္ပဏီပိုင်ရှင် ဒေါ်နန်းသန်းထွေးဖြစ်ပြီး ၄င်းမှာ KBZ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း၏ ဇနီးလည်းဖြစ်သည်။
ယင်းမြေများမှာ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ဆီအုန်းစိုက်ပျိုးရန်အတွက် ချထားပေးခြင်းဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသဖြင့်မေ ၁၈ ရက်တွင် ပြန်လည်သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
