တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၊ ဘောလုံးအဖွဲ့ချုပ်၊ ပိုက်ကျော်ခြင်းနှင့် ဝူရှူးအဖွဲ့ချုပ်များအတွက် တရုတ်ယွမ်ငွေ (၅၀၀၀၀)နှင့် ညီမျှသော အမေရိကန်ဒေါ်လာ (၇၀၃၀)စီကို ပေးအပ်လှူဒါန်းလိုက်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)၌ စက်တင်ဘာ (၁၃)ရက်က ကျင်းပသည့် မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ယင်းအခမ်းအနားသို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms Ma Jia လည်းတက်ရောက်ခဲ့ပြီး ပေးအပ်လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားကစား လေ့ကျင့်ရေးပစ္စည်းများ ထောက်ပံ့ပေးမှု၊ မြန်မာအားကစားအဖွဲ့များကို နည်းပြစေလွှတ်ပေးမှု၊ မြန်မာအားကစားသမားများကို တရုတ်နိုင်ငံသို့ ခေါ်ယူ၍ ပူးတွဲလေ့ကျင့်ပေးမှုများကို ဆောင်ရွက်ပေးခဲ့သည့်အပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့ပြင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဖွင့်ပွဲနှင့်ပိတ်ပွဲကိုလည်း အဆင့်အတန်းမီ ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲကျင်းပရေးကိစ္စများတွင် ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့မှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်မြို့ရှိ သမိုင်းဝင်အောင်ဆန်း အားကစားပြိုင်ကွင်းကြီးကို နိုင်ငံတကာအဆင့်မီ အသစ်တည်ဆောက်နိုင်ရေးနှင့် ယခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွက် ကူညီပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်ပေးရန် ပြောကြားသည်။
အခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီးက ပေးအပ်သည့် လှူဒါန်းငွေများကို သက်ဆိုင်ရာအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌတို့က လက်ခံရယူကြပြီး မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာက အဖွဲ့ချုပ်များကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ တရုတ်နိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
